ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

ရောက်ရာအရပ်မှ သာဓုခေါ်ပါအမေ

ရောက်ရာအရပ်မှ သာဓုခေါ်ပါအမေ
__________________________
 

ညီမလေးရေ
အားငယ်နေသလားဟင်
နားလည်ထားစမ်းပါ ညီမလေးရယ်
ဘဝဆိုတာ တိုက်ပွဲကြီးပါ
အမေမရှိတော့လို့ တွေးကာပူ
အဆွေးလူတော့ မဖြစ်စေချင်ပါဘူး ....

ညီမလေးရေ
လူဆိုတာ သေမျိုးကြီးပါလေ
ဝမ်းမနည်းရဘူးလို့ မဆိုရက်ပါ
လောကကြီးမှာ အစားထိုးမရတဲ့
အိုဘယ် သခင် ကျေးဇူးရှင်ကြီးလေ
ဘယ်မှာလာ ဖြေနိင်ပါမလည်း
ခွေယိုင်လို့တော့ လဲမသွားပါနဲ့နော် ....

ညီမလေးရေ
မြင်သာမြင် ပြောခွင့်မရလို့
ကဗျာတစ်ပုဒ်နဲ့ အမှာစာသင့်တာပါ
အားမငယ်ပါနဲ့ ညီမလေးရယ်
ညီမလေးနဲ့ သွေးလည်းမတော်
သား လည်း မစပ်ပေမယ့်
အကို ညီမအရင်းလေးလိုပါပဲနော်
မသေခင်လေး ထိုချိန်လေးမှာ
ခွဲခွာအဝေး ထွက်လို့ပြေးရင်း
သမီးဆိုးလည်း မှတ်ယူမနေနဲ့
သွားလေသူအတွက် ကောင်းမှုဒါန
အခါခါပြုလို့ အမျှ အမျှ ပေးဝေပါလေ
ညီမလေး ချစ်တဲ့ မေမေ
ရောက်ရာအရပ်မှ သာဓုခေါ်ပါစေ ......

No comments:

Post a Comment