ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 3, 2013

မျှော်လင့်မိတယ် သက်ထားရယ်


မျှော်လင့်မိတယ် သက်ထားရယ်
+++++------------++++++

မြင် က တည်း က လေ

ရင်ထဲမှာနစ် သိပ်ချစ်မိပါတယ်

သက် ထား ရယ် .....


တော် ဝင် သူ ပန်း ကို မှ

အပျော်ကြံရွယ် အနားကပ်တယ်လို့

တွေး စ ကာ ထင်မိရင်လည်း

လည်စင်းကာလေ သေဖို့ရန် အသင့်ပါ 

သက် ထား ရယ် ......


နန်း ထိုက် တဲ့ ပန်း ကို မှ

လှမ်းလို့ရွယ် ရည်စူးမိတော့

သုဘဒ္ဒါ မုန်းမာန်ပျိုးသလို့

ခံရမှာ သေခြာသိပေမယ့်

သေဘေးကိုလည်းမမြင်သာ

ချစ်မိတဲ့ စွမ်းအင်တွေပါ

သက် ထား ရယ် .......


ဖြူ စင် စွာ ၅ ၂ ၈ ကို မှ

အရောင်ခြယ်ကာ ၁၅၀၀ဖြစ်ချင်သူမို့

သစ္စာမရှိ သူလို့ ဆိုချင်ဆို

ငြိုငြင်ကာ အပြစ်ဖို့ရင်လည်း

အကြင်နာတွေ အဆင့်ပိုမိတာက

ကိုယ့်အပြစ်နဲ့ ကိုယ်သာမို့

သက်ထားရေ ဒီရင်ခွင် 

ဗလောင်မဆူခိုက်အောင်

            တုန့်ပြန်ချစ်များ ပေးသနားပါလား ........

No comments:

Post a Comment