ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 29, 2013

နင့် သဘောပါ

နင့် သဘောပါ
----------------
သခင်
မြင်လှည့်မကြည်
တွေ့လျက်မခေါ်
ဘယ်သဘောလည်း ဟင် ..

သခင်
နင် သိရင်ဖြင့်
ကျေနပ်ပါရဲ့
စိတ်ထဲမှာလေ
ရည်စူးပေမယ့်
နင် လိုရင်သုံး
မလိုရင်စွန့်
ငါ ဘဝက
ဟောဒီပန်းလို့
တစ်ခါသုံးတဲ့
တစ်ရှူးပန်းပါကွယ် ...


 

No comments:

Post a Comment