ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 25, 2013

အမျှဝေပေးပါ ချစ်သူရယ်



:~ အမျှဝေပေးပါ ချစ်သူရယ် ^!^
_________________________

ချစ်သူရေ
မှောင်မိုက်လွန်းတဲ့ လမိုက်ညမှာ
လမင်းကိုမှ မျှော်မိသလိုနဲ့
ဒီရင်ခွင်ကို ပြန်မလာမှန်း
သိနေသားတောင် မောင်လေ
မျှော်နေမိသေးတယ် ....

ချစ်သူရေ
ညစဉ်ရက်စက်ပေါ့ vzoက
နင် ခေါ်လေမလား ကဗျာလေးတွေမှ
ပြင်ပေးလေမလား ဆိုတဲ့အတွေးနဲ့
မျှော်မိတာလည်း အမောပါပဲ 
ချစ်သူရယ် ....

ချစ်သူရေ
ဖေ့ဘုတ်ဝင်ရင်လေ နေ့တိုင်မှာ
မပျက်မကွက် မောင် ရောက်နေတာက
နင် ပိုင်ဆိုင်တဲ့ နင့် စာမျက်နှာကိုပေါ့
နင် မကြင်နာ တစ်မင်ခွာစိမ်းပေမယ့်
ဒီရင်မှာ ထာဝရရှိနေသေးတာကလည်း
ခက်သားလားကွယ် ချစ်သူရယ် ....

ချစ်သူရေ
မောင် ဆိုတဲ့နာမ်စားကိုလည်း
ငါလေ မသုံးရက်တော့ပါဘူး 
နောက်ဆုံးဆန္ဒလေးတော့ ဖြည့်စည်းပေးပါ
တစ်ကယ်တမ်းသာ အမျှဝေလို့
ကျွတ်ကြေးဆိုရင် ဒီအလွမ်းတွေကို 
ပန်းတွေမပါနိင်တဲ့ ပန်းအိုကိုလည်း 
နင် လေ ထပ်မခွဲပါနဲ့နော်
နင် နင်ခြွေလို့ ငါ နှလုံးသားကျရူံးခန်းမှာ
မာယာမပါတဲ့ ဟန်ဆောင်ကင်းတဲ့
ကြေးစည်သံ လှိုင်လှိုင်ထုလို့
နင် အမျှလေးတော့ ဝေပေးပါလား
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရယ် ....
 
 

No comments:

Post a Comment