ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 22, 2013

ယုံ ပါ မောင်


ယုံ ပါ မောင်
♥♥♥♥♥♥♥♥♥
Photo: ယုံ ပါ မောင်
♥♥♥♥♥♥♥♥♥

အလှမ်းကွာဝေးသူမို့
အလွမ်းစာလေးတော့
ပါးလိုက်ပါရစေ မောင်♥

အပြင်မှာမကြုံ အွန်မှာဆုံလို့
အပျော်ချစ်ကာ ဖော်သစ်မရှာပဲ
သစ္စာတွေထား အကြင်နာပွားကာ
ကျွန်မတို့ အချစ်တွေကိုတော့
မြဲချင်မိတယ် မောင်♥

မြေမှခွဲခွာ အိမ်နဲ့ဝေးကွာ
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ပျော်မယ် ထင်သလား မောင်♥

ကာလာစုံမီးရောင်ကြားမှာ
တစ်နေ့တစ်ရက်ရယ်မှ
အပျော်တွေ မမက်ခဲ့ပါဘူး မောင်♥

သူ့နိင်ငံ သူ့ယဉ်ကျေးမှုလေ
လှော်ညီအောင်လို့ရယ် 
ဘောင်းဘီအရှည်လေးတော့
ဝတ်ရမှာပေါ့ မောင်♥

မောင်ရင်မှာ 
အစဉ်ရှိလို့ သိထားရမှာက
နူတ်ခမ်းနီပါးနီတွေ လိမ်းကာမခြယ်ပဲ
မှုံနံ့သာကို ဘယ်ညားလူးကာ
ကျွန်မဟာလေ တန်းဖိုးရှိတဲ့
မြန်မာမလေး စစ်စစ်ပါ မောင်♥

ကဗျာမဆန် လင်္ကာမချောနဲ့
ယုံကြည်အောင် ပြောနေတာကို
အပြစ်ဖို့ကာ မောင် ငြိုငြင်ရင်လည်း
တွယ်တာလှပေမယ့် ကျွန်မလေ
ကွယ်ရာကပဲ ချစ်ပြပါမယ် မောင် ....

(ချစ်ရသူလှိုင်မင်း)
အလှမ်းကွာဝေးသူမို့
အလွမ်းစာလေးတော့
ပါးလိုက်ပါရစေ မောင်♥

အပြင်မှာမကြုံ အွန်မှာဆုံလို့
အပျော်ချစ်ကာ ဖော်သစ်မရှာပဲ
သစ္စာတွေထား အကြင်နာပွားကာ
ကျွန်မတို့ အချစ်တွေကိုတော့
မြဲချင်မိတယ် မောင်♥

မြေမှခွဲခွာ အိမ်နဲ့ဝေးကွာ
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ပျော်မယ် ထင်သလား မောင်♥

ကာလာစုံမီးရောင်ကြားမှာ
တစ်နေ့တစ်ရက်ရယ်မှ
အပျော်တွေ မမက်ခဲ့ပါဘူး မောင်♥

သူ့နိင်ငံ သူ့ယဉ်ကျေးမှုလေ
လှော်ညီအောင်လို့ရယ် 
ဘောင်းဘီအရှည်လေးတော့
ဝတ်ရမှာပေါ့ မောင်♥

မောင်ရင်မှာ 
အစဉ်ရှိလို့ သိထားရမှာက
နူတ်ခမ်းနီပါးနီတွေ လိမ်းကာမခြယ်ပဲ
မှုံနံ့သာကို ဘယ်ညားလူးကာ
ကျွန်မဟာလေ တန်းဖိုးရှိတဲ့
မြန်မာမလေး စစ်စစ်ပါ မောင်♥

ကဗျာမဆန် လင်္ကာမချောနဲ့
ယုံကြည်အောင် ပြောနေတာကို
အပြစ်ဖို့ကာ မောင် ငြိုငြင်ရင်လည်း
တွယ်တာလှပေမယ့် ကျွန်မလေ
ကွယ်ရာကပဲ ချစ်ပြပါမယ် မောင် ....

No comments:

Post a Comment