ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

ခဏရည်းစား


ခဏရည်းစား

^______^
ခဏရည်းစား မင်းကြားစေဖို့
နှလုံးသွေးနဲ့ ကဗျာစီအုံးမယ် .....

ကဗျာများစွာ အချစ်များစွာနဲ့
စာစီကာ အမှာတော်လင့်ပေမယ့်
နင့် မလွမ်းပေမဲ့ ငါ လွမ်းတယ်
နင် မေ့ပေမယ့် ငါ မမေ့တယ်
တွေ့ခဲ့ကြ အရင်ကညများက 
ဖေ့ဘုတ်တစ်ခွင် လွန်ပျော်ရွှင်လို့ပါ ......

vzo က နင့် မျက်နှာနဲ့ နင့် အပြုံးတွေက
ခုမျာဆို လှောင်ပြောင်သလိုလိုနဲ့
ကလူကျီစယ် စကားဆိုပြီ 
အလွဲလွဲတွေနဲ့မို့ အသည်းကွဲမှာ
ကြောက်သူရဲ့ မကြုံးဖူးတဲ့ ဒီအဖြစ်က
မဟူရာ ညရဲ့ ငှက်ဆိုးထိုးသံတွေလိုပါပဲ
အယောင်ဆောင်မူတွေကင်းလို့ရယ
ပကာသနမပါ မာယာမပါပဲ
ရှင်းရှင်း နဲ့ ဘွင်းဘွင်း သာ 
လိမ်ညာခြင်းမရှိ ချစ်ခဲ့သူက
ငါ ရယ်ပါလေ ချစ်သူရယ် ......

ပြန်မဆုံနိင်တော့တဲ့ ဒီဘဝမှာ
ဆုတွေသာ အကြိမ်ကြိမ်တောင်းရင်း
မေ့မရနိင်တဲ့ ငါ့ ရဲ့ စိတ်တွေ
အိပ်မရနိင်တဲ့ ငါ့ ရဲ့ ညတွေက
အတိတ်ကံရဲ့ ဝဋ်ကြွေးတစ်ခုပေါ့ ...

စိတ္တဇဝေဒနာစွဲလို့ အရိပ်ပမာနှယ်
နင် အမြဲရှိနေသေးတာကလည်း ခက်သား
ဘာပဲပြောပြော ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့
မနာရက်နိင်တဲ့ ဒီ အသည်းက
ရာသက်တိုင်ပဲ ချစ်နေစဲဆိုတာတော့
ခဏရည်းစား ကြားပါစေသားကွယ် .....

No comments:

Post a Comment