××××××××××××××
မရွှင်အသည်းနာလို့
ရင်ကွဲနာ ကျခဲ့သူက
ရင်ခွဲကာ ပြချင်ပါရဲ့ ....
ဆဒ္ဒန်ဆင်မင်းလိုပေါ့
အစွယ်တော်ဆက်သပါလို့
သုဘဒ္ဒါရယ် ရွှေရင်ကွဲသလို
နင့် အသည်းတွေလည်း
နှစ်ခါ မကွဲပါစေနဲ့ကွယ်.....
အတိတ်ကမ္ဘာက အရိပ်ပမာနှယ်
ရင်အသည်းတွေ ဆတ်ဆတ်နာလို့
နာတောင်းအဖြစ် ပန်ချင်ကပန်
ရွှေအသည်းနှမွှာ ဆက်သပါမယ်
ရင်ခွဲကာ ယူလှည့်ပေါ့ မေ ....

No comments:
Post a Comment