ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 19, 2013

ငါ့ အနားမှာသာရှိရင်

ငါ့ အနားမှာသာရှိရင်
______________

ချစ်သူရေ
နပိုလီယံ စစ်သူကြီးလို
မောင်က မရဲရင့်ပါဘူး ...

ချစ်သူရေ
လက္ခဏာလို လည်း
မောင်က မစွန့်လွတ်ရဲပါဘူး ...

ချစ်သူရေ
အများပြောသလိုပေါ့
ဓါးတောင်ကိုကျော်ကာ
မီးပင်လယ်ကိုလည်း
မောင်ကမဖြတ်ရဲပါဘူး .....

ချစ်သူရေ
ကောင်းကင်က ဓူဝံကြယ်ကို
လှမ်းခူးပေးမယ့်လိုလည်း
မောင်က မပြောဝံ့ပါဘူး ....

ချစ်သူရေ
မဖြစ်နိင်တာတွေကို မပြောနိင်လို့
ငြိုညင်ကာ စိတ်တော်မကောက်နဲ့
မာယာတွေမပါ ပကာသနမပါပဲ
ရိုးရိုးရှင်းရှင်း ဘွင်းဘွင်းလင်းလင်း
မှန်သောစကားသာ ဆိုပါမည်
ချစ်သူသာ အနားမှာရှိရင်
အရာအားလုံးကိုလေ
ကျော်ဖြတ်ရဲတယ် ရင်ဆိုင်ရဲတယ်
သတ်ရဲတယ် သေရဲတယ်
ယုံလားတော့မသိဘူး
ပုံပြင်စကားတော့မဟုတ်ဘူးလေ
ဒီရင်မှဖြစ်တည်လာတဲ့
နှလုံးသားက ချစ်စကားတွေပါ
ချစ်သူရယ် ....


No comments:

Post a Comment