ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 31, 2013

‪ကျွန်မကနှင်းဆီပါ‬ ‪မောင်‬



********************

ကျွန်မက နှင်းဆီပါ မောင်
တော်သဇင်လိုမယ်
ဂုဏ်မထယ်လို့များ
အားတော့မငယ်ဘူး မောင် ....

နှင်းဆီ ဆိုမှဖြင့်
ဆူးတွေနဲ့ပေါ့လေ
ချူချင်သူ များပါဘိနဲ့
ဆူးတွေနဲ့မှ မ ကာရန်
ဟို တဏှာ ရန်စွယ် 
ပန်းဘီလူး တွေက
ခြွေလိုပင် စားသုံးမှာပေါ့ မောင် ....

ပန်းများစွာနှယ်
ရနံ့မကြွယ်လို့
ဂုဏ်သတင်းရယ်မှိန်
အရောင်မထိန်လည်း
မောင့် အတွက်ဆိုရင်
ဆူးများစွာရံခြယ် 
အလှမပျယ်တဲ့
သစ္စာဆိုသော 
ပန်းတစ်ပွင့်ပါ မောင် ....

ပန်းရောင်စုံရယ်မို့
အလှများစွာနဲ့လည်း
မဖမ်းစားပါ မောင် 
နှလုံးသား မှ မေတ္တာ ရယ်
သမုဒယ ဆိုတဲ့
သစ္စာ ရယ်ကြောင့်
မောင် တစ်ယောက်သာ
ကပ်မည် ဆိုမှတော့
ကျွန်မ လေ 
ဆူး တွေကို ရုတ်
ရင်မှ အချစ်တွေထုတ်လို့
ပန်းကောင်းတစ်ပွင့်ပဲ
ဖြစ်ချင်မိတယ် မောင် ....

No comments:

Post a Comment