
အလွမ်းမိုးတွေ ဝေးပါစေ
~~~~~~~~~~~~~~
ဝေဒနာတွေ မဖြေသာသူမို့
မပြေသမျှတွေကို စာတွေသီကာ
ဖြေပါရစေအုံး ချစ်သူရယ် .......
အွန်လိုင်းမှာ တွေ့တယ်ဆိုပေမယ့်
နှလုံးသားက စီးဆင်းလာတဲ့
ချစ်မေတ္တာတွေပါ ချစ်သူရယ် .....
အစိမ်းခက်လို့ တိမ်းရက်တာလည်း
ငါ အပြစ်တွေပင် ပြောခဲ့ပါလား
ချစ်သူရယ် ......
နင် မမြင် နင် မသိပေမယ့်
ဒီရင်မှာ အစဉ်ရှိတာမို့
ဖေ့ဘုတ်ဆိုတဲ့ နင့် စာမျက်နှာမယ်
တစ်နေ့တစ်ခေါက်တော့
ငါ ရောက် ရောက်နေမိတယ်လေ .....
နင် ပုံတွေသာ ချိန်းခဲ့ပေမယ့်
ငါ မဟုတ်တဲ့ တစ်ခြားသူအတွက်မို့
ရင်ထဲမှာနစ် မချိခဲ့ပါဘူး
ချစ်သူရယ် ....
ကဗျာလင်္ကာတွေ ရေးခဲ့ပေမယ့်
ငါ့ အတွက်ဆိုတာ အသာထား
tag လေးတောင် လုပ်ပေးမခံရတဲ့
ဘဝသမားပါ ချစ်သူရယ် ....
viber ဆိုတာ ရှိကြပေမယ့်
ငါ့ အတွက်ဆို ခေါ်ဖို့ဝေး
mass လေး တစ်ကြောင်းတောင်
မရေးခဲ့ပါလား ချစ်သူရယ် .....
ငါ မဟုတ်တဲ့ တစ်ခြားသူနဲ့ကြ
ခွန်းချိုသံ အလီလီဖွဲ့ကာ
နင် ကတော့ ပျော်ရက်ပါပေ့
ရှိပါစေတော့
ကံဆိုးသူ ငါ သာပဲမို့
ငါ မပါ နင့် ဘဝမှာ
အလွမ်းမိုးတွေ ဝေးပါစေသား
ချစ်သူရယ် ........
No comments:
Post a Comment