ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 19, 2013

မေ့မရသေးဘူး လှိုင်



မေ့မရသေးဘူး လှိုင်
***-----------***

လှိုင် ရေ ....
မေ့မှာစိုးလို့
တစ်ခါကအဖြစ် တို့အချစ်တွေ
တမ်းတတတ်လျှင် အလွမ်းတွေက
ရင်ခုန်နေဆဲ တွယ်တာဆဲနဲ့
ဒီ မောင်ကတော့
အသည်းနင့်အောင် ချစ်ခဲ့သည် ===

   လှိုင် ရေ ....
အသိခက်လို့
သစ္စာယွင်းကာ ထားခဲ့တော့လည်း
ကြိုးစားဖြေလျော့ မပြေတော့လေ
အသည်းမှာကျွမ်း ပင်ပန်းနွမ်းနေ
သတိတရ အောက်မေ့မှတော့
ဘယ်လောက်ကြာကြာ 
လွမ်းယုံပေါ့ကွယ် ချစ်သူရယ် ===

လှိုင် ရေ .....
မျှော်လင့်ခြင်းက
ဆင်းရဲခြင်းလား ညှဉ်းဆဲသားကွယ်
တွယ်တာနှောင်ချူပ် ချစ်ခဲ့ဝေဒနာ
စွဲလန်းယစ်မူး အချစ်ရူးလို့
သိလျှက်နစ်ကျွံ့ ငြိုညင်ခက်စွာ
အဖယ်ခက်ဆဲ ဒီရင်ထဲဝယ်
လွမ်းသမျှကျွမ်းရုံ မဆုံသာလည်း
တစ်ကြိမ်တစ်ခါတော့
တွေ့ချင်သေးတယ် ချစ်သူရယ် === 

No comments:

Post a Comment