ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, July 27, 2013

ရူးနေသူပါ မေ


Photo: ရူးနေသူပါ မေ
----------------

ဩော်
တွေ့မလာရယ်လို့
ဖေ့ဘုတ်မယ် ခြေရာဆန့်ပေမယ့်
စိမ်းလေသူ သခင်မရယ်က
အဖော်သစ်တွေနဲ့ ပျော်ရစ်ကာ
နေ ပါ ပေါ့ တ ကား ....

ဩော်
ညတိုင်းဆိုရင်ဖြင့်
ဟိုယခင်ကလိုပေါ့
vzoတစ်သွယ် ဂျီတော့ဆီများ
စာတွေပင် ချန်လေမလား 
ငါ့ကိုယ်ပင် တွေ့ချင်မလားရယ်လို့
မျှော်မိသူ ရွှေရင်ကျွမ်းပေမယ့်
သူမှာကွယ် နောက်တစ်ဗွေနဲ့
ရူး မ တက် ပါ ပဲ ....

ဩော်
မျှော်မိသူ ကိုယ်သာလျှင်
အမှားပါလို့ စိတ်ထဲဝယ်
အစဉ်မှတ်ပေမယ့်
တစ်ခါတစ်ခါတော့ဖြင့်လေ
အမှတ်တရတွေ လာလာတွေ့တော့
ဒီကောင်မှာ ရူးကြောင်ကြောင်နဲ့
ဂေါက် တောက် တောက် ပဲ .....

(ချစ်ရသူလှိုင်မင်း) 
ရူးနေသူပါ မေ
----------------

ဩော်
တွေ့မလာရယ်လို့
ဖေ့ဘုတ်မယ် ခြေရာဆန့်ပေမယ့်
စိမ်းလေသူ သခင်မရယ်က
အဖော်သစ်တွေနဲ့ ပျော်ရစ်ကာ
နေ ပါ ပေါ့ တ ကား ....

ဩော်
ညတိုင်းဆိုရင်ဖြင့်
ဟိုယခင်ကလိုပေါ့
vzoတစ်သွယ် ဂျီတော့ဆီများ
စာတွေပင် ချန်လေမလား 
ငါ့ကိုယ်ပင် တွေ့ချင်မလားရယ်လို့
မျှော်မိသူ ရွှေရင်ကျွမ်းပေမယ့်
သူမှာကွယ် နောက်တစ်ဗွေနဲ့
ရူး မ တက် ပါ ပဲ ....

ဩော်
မျှော်မိသူ ကိုယ်သာလျှင်
အမှားပါလို့ စိတ်ထဲဝယ်
အစဉ်မှတ်ပေမယ့်
တစ်ခါတစ်ခါတော့ဖြင့်လေ
အမှတ်တရတွေ လာလာတွေ့တော့
ဒီကောင်မှာ ရူးကြောင်ကြောင်နဲ့
ဂေါက် တောက် တောက် ပဲ .....

No comments:

Post a Comment