ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 25, 2013

ဝေးဝေးကပြုံး အချစ်ဆုံးရယ်

*** ဝေးဝေးကပြုံး အချစ်ဆုံးရယ် ***
^!^ ♥♥♥♥♥♥♥♥♥♥♥♥♥♥♥ ^!^

အ နေ တွေ ခက်ပေမယ့်လည်း
ကျေ နပ် အောင် တော့ 
နေတတ်သလိုလေး နေပေးပါမယ့်
ဝေးဝေးကအပြုံး အချစ်ဆုံးရေ .....

နူံးချိချိ ♥မောင့်♥အသည်းနဲ့
လူတောတောင် မတိုးရဲတာမို့
တူသောအကျိုးပဲ ရှိပါစေတော့ကွယ် .....

ဘယ်သူအပြစ်ရယ် မဆိုတော့ပါဘူး
ကိုယ် ကြမ္မာကို ကိုယ် ဖန်တီးရင်း
ဩော် ကိုယ် တိုင် မွှေး ခဲ့ တဲ့
သံယောဇဉ် အပူမီးတွေပါလားလို့
ရင်စီးကာ ခံပါမယ် အချစ်ဆုံးရယ် ......

ထားခဲ့ပါနော် မကြင်နာရင်တော့
တွယ်တာစီးချုပ် ရင်ထဲထုတ်လို့
အပူလုံးကြွ လူလုံးမလှလည်း
ပြုံးပြုံးလေးတော့ နေပေးပါမယ် .......

အဆုံးသတ်မှာ အမုန်းမဖက်လို့
ပြုံး လျက် သာ လမ်း တွေ ခွဲ
တစ် ယောက် တစ် ကွဲ ရယ် နဲ့
နှစ် ယောက် သား လွဲ ခဲ့ လည်း
♥ချစ်♥လည်းမမုန်း ♥မောင်♥လည်းမမုန်း
အပြုံးတွေနဲ့သာ နူတ်ဆက်ကြရင်း
သံသရာတစ်ကွေ့မှာ ပြန်သာတွေ့ရင်
တစ်သက်မဝေး အသက်ပေးလို့
နှစ်လွှာပေါင်းမှ တစ်ရွက်ရယ်ထား
စွယ်တော်မခြား မေတ္တာထားကာ
နှစ် ယောက် တစ် က မ္ဘာ အရေးမို့
မ ဝေး ကွာ ရေး တွေး ခါ ပေး ပါ
ဝေးဝေးက အပြုံး အချစ်ဆုံးရယ်♥♥♥

 

No comments:

Post a Comment