ကန်တော့ဆွမ်းပါ မ အဝှာ
^^^^*******^^^^
ဒီမယ် ဒီမယ်
မ အဝှာ
ဆင် သေ ကို ဆိတ် သားရေနဲ့ဖုံးဆိုလို့
ကျုပ်ကတော့ ပြောပြအုံးမယ်ဗျ
အားတော့နာပါရယ်ဗျာ
ယိုသူမရှက် မြင်သူရှက်မို့
အရေးအသားကတော့ အလေးထားစရာပါ
ကျုပ်အတွက်တော့ မာယာတွေပါနေလေရဲ့.....
ဒီမယ် ဒီမယ်
မ အဝှာ
မသူတော်လူ တစ်ချို့ရယ်နဲ့
လှောင်လို့ရယ် ဟားတိုက်စမ်း
ကျုပ်ကတော့ ပြုံးပြုံးပြီးနေပေးမယ်
ခင်ဗျားရူံးတာခင်ဗျားမသိတာေ တာ့
တွေး တွေးပြီး သနာတော့သနားသာ
ဖက် ဟာ ဖက် ပါဗျာ ဆူးမှမဖြစ်နိင်တာ
ကိုယ်ဝမ်းနာ ကိုယ်သာသိလို့
အသေလှအောင်ပဲ ကြိုးစားစမ်းပါ ......
ဒီမယ် ဒီမယ်
မ အဝှာ
ခင်ဗျားကတော့ စစ်သူကြီးလို့အောင်လံလွှင့်
ကျုပ်ကတော့ ဗီလိန်အဖြစ်ပေါ့နော်
ရှက်တက်ရင် လဲသေစမ်းဗျာ
အမှောင်ကနေ လာ လာ မအော်နဲ့
ကျုပ် တော် တော် ညှော်ပြီ
အား မတန်လို့ မာန်ကိုလျှော့ပြီး
မိန်းမသားဆိုတဲ့ အတွေးကြောင့်
ကျုပ် ခပ်အေးအေးလေး နေပေးတာ
အကောင်းမမှတ်နဲ့ ခင်ဗျားလုပ်ရပ်နဲ့
ခင်ဗျားဇတ်ရုပ် အော်ဂလီဆန်သွားပြီ .....
ဒီမယ် ဒီမယ်
မ အဝှာ
ကျုပ်ဆိုတဲ့ ကောင်ကဗြောင်သမားဗျ
မှန်တယ်ထင်ရင် လာယှဉ်လို့ပြော
သစ္စာမရှိသူလို့ လာလာမပြောနဲ့
ကျုပ် နားခါးတယ် ကိုယ့်အဆင့်ကိုယ်သိ
ကိုယ့်သမိုင်းကိုယ်ရေး စမ်းပါ
အလဲအကွဲလုပ်လိုက်ရင်
အသဲကွဲမှာ ကြောက်သူကိုမှ
ဓါးထက်ထက်နဲ့ ရင်ကိုထိုး
ခင်ဗျားမလို့ လာလုပ်ရက်တယ်ဗျာ .......
ဒီမယ် ဒီမယ်
မ အဝှာ
မောင် ဆိုပြီးယောင်လို့တော့ လာမခေါ်လေနဲ့
ကျုပ် နားတွေ ကန်းသွားပြီဗျ
နားဝင်ချိုလွန်းတဲ့ ခင်ဗျာအသံ
ငှက်ဆိုးထိုးသံလို ဖြစ်ခဲ့ပြီမို့
ကျုပ်ကတော့ ကန်တော့ဆွမ်းဗျို ......
No comments:
Post a Comment