ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, July 27, 2013

ခင်











ခင်
-----

ခင်
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
စွယ်တော်ရွက်အလား 
ချစ် ချင် တယ် .....

ခင် 
တစ်နှစ်တစ်ခါ
တစ်သီးသာသီး
သစ္စာကြီးမား
ပေပင်မခြားကွယ်
ချစ် ချင် တယ် ...

ခင်
တစ်ကြိမ်တစ်ခါ
ဖူးပွင့်သောကွယ်
ပိတောက်ပွင့်လား
အကြိမ်းမများပဲ
ချစ် ချင် တယ် ....

ခင်
တစ်ရိုးတစ်ညှာ
ရွှေနွယ်ရိုးပမာ
အမျှင်တွှဲတွှဲ
အဖယ်ခက်ခက်
အချစ်မျိုးသာ
ချစ် ချင် တယ် ....

ထိုထိုအချစ်များ
မည်မျှပေးဆပ်
မယုံအပ်သော်
ချစ်သက်လျာက
မောင်၏အသက်
တောင်းလာမှန်သော်
မငြင်းကြည်ဖြူ
ပေးဆပ်လှူမည်
ချစ်သူစေထား
မောင့်နှလုံးသား တည် ..... 

No comments:

Post a Comment