ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, July 27, 2013

‎အချစ်သင်္ချာဆရာမလေး‬


အချစ်သင်္ချာဆရာမလေး‬
---------------------------

ကောင်မလေးရေ
နင်မေးတဲ့ ပုစ္ဆာတစ်ပုဒ်က
ငါ လိုလူ ဝ လုံးလေးအတွက်
ခေါင်းရူပ်လို့သွား ခက်ပါလားဟာ ....

နင် နမ်းစေချင်တော့
ငါ ဆိုတဲ့ ဝလုံးကိုမှ နောက်ဆုံးမှာထား
0အဖြစ်လား တန်ဖိုးတွေကတက်
အော် မလိုချင်တော့ ငါဟာလေ
အဖြည်စွက်ခံ ဝလုံးပဲပေါ့ ....

နင်ထားရာနေ နင်စေရာသွား
နင်မေးတဲ့ အချစ်ပုစ္ဆာက
ငါ့အတွက်တော့ သေရာပါမယ့်
ဝေဒနာတွေပါလားကွယ် ....

နင့် ရင်ခွင် စခန်းကြီးကိုပ
ဒီကောင်ရယ် ကပ်မယ်လို့ရွယ်
စိန်ရတီချယ် နင့် အရောင်တွေက
ငါ့ ဆိုတဲ့ ဝလုံးအတွက် တော့ .........

No comments:

Post a Comment