ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 19, 2013

ရုပ်သေးရုပ် မခြား



ရုပ်သေးရုပ် မခြား
++++++++

မေတ္တာဆိုတာ 
ယောင်ပြန်ဟပ်စမြဲပါ
သိမ်မွေ့ရယ် ....

ငါ့ အတွက်တော့
အဲ ရှေ့ရိုးစကား
အလကားပါ ဟာ .....

နင်
နင်းလို့ပဲ ခြွေ ခြွေ
သတ်လို့ပဲ သေ သေ
ငါ့ ဘဝက
မထူးတော့ပါဘူး ...

မခေါ်သာလို့
တော်ရာကနေပဲ
ငါ့ လွမ်းနေမှာပါ ...

အဖိုးထိုက်အောင်
ငါ လေ နမ်းခဲ့တာပ
မာယာမပါဘူး
မဖုံးကွယ် မလိမ်ညာခဲ့ပါဘူး ....

အေးပေါ့ဟာ
ငါ ဆိုတဲ့ ကောင်က
နူ နေတာကိုလေ
ပိုးကိုက်တဲ့ ပန်းနဲ့တောင်
မတန်ဘူးပေါ့ နော် ....

ငါ ဆုတောင်းပါတယ်
ဘဝ ဆက်တိုင်း ဆက်တိုင်းပေါ့
ကိုယ်ချစ်ရှာလည်း
မဝေးပါရစေနဲ့
သူချစ်ရှာလည်း
မလွဲရစေနဲ့လို့လေ ...

ချစ်တာသာသိလို့
သစ္စာသာရှိရင်
နင် ထားရာ နေ
နင် စေရာ သွား
ရုပ်သေးရုပ်မခြား
နေပေးမဲ့ ကောင်စားပါ
ချစ်သူရယ် ...

No comments:

Post a Comment