ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 29, 2013

အားလုံးနဲ့ ဝေးရာသို့









အားလုံးနဲ့ ဝေးရာသို့
----------------------

ကဗျာရေးချင်တဲ့ စိတ်
ငါ ကိုယ်တိုင် သတ်မယ် ...

ကဗျာရေးချင်တဲ့ လက်
ငါ ကိုယ်တိုင် ဖြတ်မယ် ....

တွယ်မိတဲ့ သံယောဇဉ်တွေ
ငါ ကိုယ်တိုင် အဆုံးသတ်မယ် ...

ဒီရင်ထဲက နာကျင်ခြင်းတွေ
ငါကိုယ်တိုင် သယ်ဆောင်ရင်း
အားလုံးနဲ့ ဝေးရာမြေသို့
ကျောခိုင်းထွက်ခွာ သွားတော့မည်

No comments:

Post a Comment