ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 19, 2013

♥မောင်(၂)♥


♥မောင်(၂)♥
♥♥♥♥♥♥♥♥♥

မောင်
ကဗျာတွေမသီ
စာတွေမစီ တက်ပေမယ့်
တစ်မိုးအောက်မှာ မဖောက်လွဲ
မောင် တစ်ယောက်ထဲပဲချစ်တယ်
မောင် ♥♥♥

မောင်
အရာရာကို
တိုင်ပင်လို့ရယ် ပြစ်ပယ်မထား
လမ်းပြသွားလို့ အကြင်နာတိုးကာ
မနက်ဖြန်တိုင်းမှာ ပိုချစ်မိတယ်
မောင် ♥♥♥

မောင်
တစ်ပွင့်ပန်းဆိုလျှင်
တန်ဖိုးထားလို့ ပန်းပေါင်းများစွာ
ဘေးမှာဝိုင်းလည်း မယွင်းမဖောက်
သည်တစ်ယောက်ကိုမှ သစ္စာတွေထား
ချစ်သဒ္ဒါတွေ ပွားသူမို့
အသက်မကလည်း ချစ်တယ်
မောင် ♥♥♥

မောင်
ရေမြေခြားလည်း
အဆက်အသွယ် မပြတ်ပါလို့
အားငယ်စကား နားလည်ထားနော်
နူတ်မှာစကား မြဲပြောကြားလို့
တစ်သက်မဝေး ဘဝပေးလို့ချစ်
အရမ်း အရမ်း ချစ်တယ်
မောင် ♥♥♥

No comments:

Post a Comment