ဒီမောင်ကတော့
×××××××××
အနောက်တောင်မယ်
ညိုမှောင်အုံ့ဆိုင်း
ရှစ်ခွင်တိုင်းတွင်
မည်းခဲ့ပြီမို့
ဒီမောင်ကတော့ ဆွေးရပြီ ....
လျှပ်ပန်းလျှပ်နွယ်
မှုန်ပြာခြယ်ရင်း
သည်းကာမစဲ
ရွာတော့မည်မို့
ဒီမောင်ကတော့ လွမ်းရပြီ .....
မျှော်ရည်တမ်းတ
လွမ်းရသည်မို့
တစ်ခါတုန်းက
အတိတ်ဆီသို့
ဒီမောင်ကတော့ ဩောင်းမေ့ပြီ ......
ကောင်ကင်မှာ ချုန်း
နင် ရှောင်ပုန်းတော့
အတွေးပင်ခက်
ဆွေးမျက်ရည်က အစက်စက်
ဒါဏ်ရာကတော့ အချက်ချက်.....
No comments:
Post a Comment