^!^ ^!^ ^!^ ^!^ ^!^

ညှင်းသွဲ့သွဲ့ သယ်ဆောင်လာတဲ့
လွမ်းလေညှင်းနဲ့အတူ
ငါ့ အလွမ်းတွေက မပြေသေးဘူး
ပန်းဝေ ရေ ....
နွေ အလည်မှာ မိုး မျှော်မိသလို
လမိုက်ညမှာ လ မျှော်မိသလိုနဲ့
နင် ပြန်မလာမဲ့ လမ်း ကိုတော့
လှမ်း လှမ်း ပြီး ကြည့်မိသေးတယ်
ပန်းဝေ ရ ....
မနမ်းထိုက်တဲ့ ပန်းမှန်းသိပါလျက်
တန်ဖိုးထားကာ နမ်းရိုက်ခဲ့သူဆိုတော့
ခံစားချက်က သူများတွေနဲ့
ဘယ်မှာလာလို့ တူပါမလည်းနော်
အဖြူအမည်းဆိုတာ မသည်းကွဲပဲ
ရက်ရက်စက်စက် ထားခံရသူက
ဘယ်မှာလာ ဖြေသိမ့်နိင်မလည်း
ပန်းဝေ ရယ် .....
ငါ ချစ်တာတွေ နင် သိခဲ့မှာပါ
ပကာသနကို ရှေ့တန်းမတင်
ငါ ဟာ ဘဝသမားပါ ဆိုပြီး
မေတ္တာတွေနဲ့ အကြင်နာတွေပျိုးကာ
တိုးလို့နှောင်ရစ် ငါ အချစ်တွေ စစ်ခဲ့ပါတယ်
ပန်းဝေ ......
အားမတန်လို့ မာန်လျော့ခဲ့ပေမယ့်
နှလုံးသားခြင်းတော့ မယှဉ်ပါနဲ့ဟာ
ငါ့ အချစ်တွေ ဖြူစင်လွန်းလို့
ရက်ရက်စက်စက် နင်းချသွားတာကို
အပြစ်မပြောခဲ့တာပါ ပန်းဝေ ....
ပန်းဝေ ရေ
ငါ တန်ဖိုးတွေထားခဲ့ ချစ်ခဲ့သလို
နင် သာ မေတ္တာတွေ မပျက်ခဲ့ရင်
ငါ ဆိုတဲ့ နင် အရမ်းချစ်တဲ့ မောင်
အလွမ်းဆိုတဲ့ ခါးသီးတဲ့
ဝေဒနာဆိုး ဘယ်မှာလာတိုးမလည်း
ခုတော့
ဆူးစဲ ရူးစဲ နဲ့ ငါ ကတော့
လွမ်းနေသေးတယ် ပန်းဝေ ရေ ....
No comments:
Post a Comment