ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 16, 2013

ကျိန်စာ


ကျိန်စာ
_____

ချစ်သူ တို့နှစ်ယောက်ရဲ့
နှလုံးသား စီးချင်းထိုးပွဲမှာ
အတုန်းအရုံး ကျဆုံးခဲ့သူက
ငါ ပါ ချစ်သူရယ် ......

အွန်လိုင်းမှာ ဆုံးစည်းကျပေမယ့်
အပျော်ချစ်တွေ မဟုတ်ပဲ
ရင်ခုန်သံတွေ အတူတူ
စီးဆင်းခဲ့ ကြတယ်လေ
ချစ်သူရယ် ....

အနေတွေဝေးလို့ ဝေးရကြေးဆို
သစ္စာဆိုတဲ့ စကားလုံးတွေ
မေတ္တာဆိုတဲ့ အကြင်နာတွေကို
ဘယ်ကမ္ဘာမှာ ရှာဖွေ့ရမလည်း
ခုတော့ဟာ
ချစ်ဦးကိုယ်စီ မဟုတ်တာခြင်းအတူတူ
အရူးက တစ်မူးသာသလိုလိုနဲ့
ကတုံးပေါ် ထိပ်ကွက်သွားတာပ
ငါ မာယာတွေ မပါ ခဲ့ဘူးနော်
ချစ်သူ .......

ချစ်တာသိပြီး သစ္စာမရှိသူက
နင် လား ငါ လား ချစ်သူ
အဖြူ နဲ့ အမည်း အလင်း နဲ့ အမှောင်ကို
သည်းကွဲစွာ မသိသူတွေကတော့
ပြောရက်မှာပေါ့ ငါ က ပဲ
မစားရတဲ့အမဲ သဲ နဲ့ ပတ် သကို
ယုတ်မာ ကောက်ကျစ် သလိုလိုပေါ့
ရှိပါစေတော့
ဆင်သေ ကို ဆိတ်သားရေဖုံးထားတာ
သူတို့မှ မသိကြတာလေ
လောကကြီးမှ ဝဋ်ဆိုတာကြီးက
လည်စမြဲပါ ချစ်သူရယ် .....

မညှာတာ မာယာသုံးလို့
ဒီရင်မှာ အလွမ်းမစဲသော လူက
သစ္စာဆို ကျိန်စာတိုက်လိုက်မယ်
အသေဆိုးနဲ့ သေပါလို့လည်း ငါ မတိုက်
ဒုက္ခမျိုးစုံ ကြုံပါစေလည်း ငါ မပြော
တစ်ခုလေးသာ ငါ တိုက်ပါမည်
နင့် ဖြစ်လေရာရယ် ဘဝဆက်တိုင်းမှာ
အချစ်စစ်ဆိုတာ ဘယ်သောအခါမှ
မတွေ့ပါစေကြောင်း ဝေးစေကြောင်းကို
ငါ ကျိန် စာ တိုက် လိုက် သည် ....














No comments:

Post a Comment