ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 31, 2013

သို့ ညီမလေး

သို့ ညီမလေး
--------------


ညီမလေးရေ
ယွင်းပျက်နေတဲ့ ဒီနှလုံးသားက
ဘယ်မှာလာ နိုးထအုံးမှာလည်း
အကြိမ်ကြိမ် ကြိုးစားနေရတာပ

၅၂၈ဆိုတဲ့ မေတ္တာက
အေးမြပါတယ် ညီမလေးရယ်
၁၅၀၀ ဆို ပူလောင်တာမို့
ဒီ ကိုကို ကတော့ သေလောက်အောင်ကြောက်
လူတောင်မှ ဂေါက်တောက်တောက်
ဖြစ်သွားခဲ့တာလေ

ရှိပါစေတော့ ကို့ကို့ ညီမလေးက
ချစ်မဲ့သူများ တွေ့ကာသွားက
အပြုံးမပျက် အမုန်းဆိုတာလည်း
မဖက်ပါဘူးနော်
ဒီရင်မှာ
အချစ်ဆိုတာ မဖြစ်တည်သေးတော့
၅၂၈ကို အရောင်မခြယ်
မုသားလည်းမသုံးပဲ အပြုံးမေတ္တာတွေနဲ့
နင်ဟာလေ ထာဝရ ကို့ကို့ ညီမလေးပါ 

No comments:

Post a Comment