ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 4, 2013

မမေ့ပါဘူး အဖေရယ်

မမေ့ပါဘူး အဖေရယ်
***************
Photo: မမေ့ပါဘူး အဖေရယ်
***************

အဖေ ရေ
ရာဇဝင်မှာ စာမတင်လို့
သမိုင်းပျောက်ကာ နွမ်းခြောက်မယ်များ
ထင်နေသလား ဟင် .....

အဖေ စိတ်ဓါတ်
နှလုံးကသွေး ရေးမဆေးပဲ
သားတို့ နိင်ငံ သားတို့ အမျိုး
ကျွန်ဆိုးစနစ် အမွေညစ်မှ
ထွန်းလင်း ဂုဏ်ဆောင် 
ရှေ့ဆောင် လမ်းပြ 
နည်းလမ်းလှနဲ့ အသက်ကိုပေး
လွက်လပ်ရေးတောင် ယူပေးခဲ့သေးတယ်လေ ....

အဖေ ကလေ
မာန်ရယ်မပြ ဂုဏ်လည်းမကြွပဲ
စားစရာမရှိ အကျွေးစား၏
ထိုထိုလူသား မေ့စရာလားဗျာ

အဖေ ရေ
သူတို့တွေက ရာဇဝင်ကိုဖျောက်
နာမည်မှောက်လို့ ဂျောင်မှာထိုးထား
ဒါအမှန် တရားလား အဖေ
အဖေ ပေးတဲ့ အမွေ
အဖေ ပေးတဲ့ အသက်
သားတို့တွေ ခရီးဆက်ဆဲ
ကန်တော့လျက်ပါ အဖေ ....

အဖေ ရယ်
ဒါတွေပြောရင် ဒေါတွေပါမယ်
သား ရဲ့ သဘော လူတို့သဘောက
သားတို့ ကိုင်သုံး ငွေစက္ကူတုံးကို
ခြင်္သေပုံပျောက် အဖေပုံရောက်
ရောက်စေချင်တာ အခါခါပါ အဖေ ...

အဖေ ရေ
လွပ်လပ်ရေးကို ရယူပေးရင်း
မသူတော် ဟိုတဏှာရူးရယ်ကြောင့်
အသက်ကိုပေး တိုင်းပြည်ပေးလို့
ခွဲခွာထွက်သွား ဩော်
ဒီလ ဇူလိုင်လားပါလား အဖေ ....

မြင်ယောင်မိသေး ကြားယောင်သေးတယ်
အရင်ကဆို ဥသြ သံတွေ 
မြိုင်မြိုင်ဖွင့်လို့ နားဝင်ချိုခဲ့
ဇူလိုင်၁၉တဲ့ ဒီနှစ်မှာရော
ကြား ကြား ရပါလား အဖေ ရယ် ....

အဖေရေ
ဘာပဲပြောပြော ဘယ်သူပယ်ပယ်
သားတို့ တစ်မျိုးသားလုံး 
အသိ သတိ ထဲမှာတော့
အဖေဟာ ထာဝရ 
ရင်မှာလေ အခါခါ ဂါရဝပါဗျာ .....


(ချစ်ရသူလှိုင်မင်း)

ဖခင်ကြီးသို့ အမှတ်တရ 
အဖေ ရေ
ရာဇဝင်မှာ စာမတင်လို့
သမိုင်းပျောက်ကာ နွမ်းခြောက်မယ်များ
ထင်နေသလား ဟင် .....

အဖေ စိတ်ဓါတ်
နှလုံးကသွေး ရေးမဆေးပဲ
သားတို့ နိင်ငံ သားတို့ အမျိုး
ကျွန်ဆိုးစနစ် အမွေညစ်မှ
ထွန်းလင်း ဂုဏ်ဆောင်
ရှေ့ဆောင် လမ်းပြ
နည်းလမ်းလှနဲ့ အသက်ကိုပေး
လွက်လပ်ရေးတောင် ယူပေးခဲ့သေးတယ်လေ ....

အဖေ ကလေ
မာန်ရယ်မပြ ဂုဏ်လည်းမကြွပဲ
စားစရာမရှိ အကျွေးစား၏
ထိုထိုလူသား မေ့စရာလားဗျာ

အဖေ ရေ
သူတို့တွေက ရာဇဝင်ကိုဖျောက်
နာမည်မှောက်လို့ ဂျောင်မှာထိုးထား
ဒါအမှန် တရားလား အဖေ
အဖေ ပေးတဲ့ အမွေ
အဖေ ပေးတဲ့ အသက်
သားတို့တွေ ခရီးဆက်ဆဲ
ကန်တော့လျက်ပါ အဖေ ....

အဖေ ရယ်
ဒါတွေပြောရင် ဒေါတွေပါမယ်
သား ရဲ့ သဘော လူတို့သဘောက
သားတို့ ကိုင်သုံး ငွေစက္ကူတုံးကို
ခြင်္သေပုံပျောက် အဖေပုံရောက်
ရောက်စေချင်တာ အခါခါပါ အဖေ ...

အဖေ ရေ
လွပ်လပ်ရေးကို ရယူပေးရင်း
မသူတော် ဟိုတဏှာရူးရယ်ကြောင့်
အသက်ကိုပေး တိုင်းပြည်ပေးလို့
ခွဲခွာထွက်သွား ဩော်
ဒီလ ဇူလိုင်လားပါလား အဖေ ....

မြင်ယောင်မိသေး ကြားယောင်သေးတယ်
အရင်ကဆို ဥသြ သံတွေ
မြိုင်မြိုင်ဖွင့်လို့ နားဝင်ချိုခဲ့
ဇူလိုင်၁၉တဲ့ ဒီနှစ်မှာရော
ကြား ကြား ရပါလား အဖေ ရယ် ....

အဖေရေ
ဘာပဲပြောပြော ဘယ်သူပယ်ပယ်
သားတို့ တစ်မျိုးသားလုံး
အသိ သတိ ထဲမှာတော့
အဖေဟာ ထာဝရ
ရင်မှာလေ အခါခါ ဂါရဝပါဗျာ .....


ဖခင်ကြီးသို့ အမှတ်တရ 

No comments:

Post a Comment