အလေးပြုကြစို့လား
××××××××××
မှန်စီဖြူ ရွှေမြနန်းမှာဖြင့်
သူတို့တွေ မနေခဲ့ရပါဘူး .....
မိုးတွေကရယ် တဖွဲဖွဲပေါ့
မဟီလှိုက်ဆူ ဗျာပါမောတွေနဲ့
အလွန်းဆွေးပူ နတ်လူအများက
မမေ့ဇူလိုင် ရက်မြတ် ၁၉သို့
မျက်ရည်တွေညိုးအောင်ပ
၆၆ သို့ ပင် ရောက်ခဲ့ပြီ ......
ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့
လွပ်လပ်ရေးကို အရယူပေး
အာဇာနည် သည်(၉)ဦးကိုမှ
နှစ်စဉ်ကွယ် ဦးခိုက်ပါ အထူး ...
ရာဇဝင်ကို ဝေဖန်ဆန်းစစ်တော့
သမိုင်းဆိုတာ ဖျောက် ပါလို့
ပုံတွေရယ် ချောင် မှာရောက်ပါလို့
သင်းတို့တွေ ကျွန်စိတ်မွေးပေမယ့်
ကဲ ကဲ
ရွှေမြန်မာတွေ ဘယ်သူမေ့ကြတုန်း ...
ဒါကြောင့်လေ
ကျုပ်တို့တတွေ တူတကွရယ်နဲ့
မွန်းမတည့်မီ ၁၀နာရီ ၃၇မှာဖြင့်
ဦးညွှတ်မယ် ခေါင်းတွေ ငုံ လို့
မျက်ရည်တွေနဲ့ အလေးပြုကြစို့လား .......
No comments:
Post a Comment