ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 22, 2013

ခင့် အလှ


ခင့် အလှ

^^^^^

နေရောင်ဖြာကြ ရွှေရောင်နှယ်မြ
တစ်ကယ်ကိုပင် လှပလွန်းတယ်
ချစ်သူရယ် ...

ခင့် ကိုကွယ် မြင်ရလေမှ
ဒီ မောင်ရယ် စာဖွဲ့အုံးမယ် .....

ပိတုန်းရောင်ရယ် နက်မှောင်ကြော့လို့
တစ်ပတ်လျှို ကေသာခေါင်းမှာလ
ပန်းခက် တွေက မြိုင် 
ဝင်း ဖန့်လို့ လှိုင် ....

နုချောသွယ် ပါးပြင်မှာပ
သုတ်လိမ်းကာ ခြယ်လိုက်တော့
နံ့သာ က တစ်လှိုင်လှိုင်
ရနံ့ တွေက တကြိုင်ကြိုင် 
ခုန်မိတဲ့ ဒီအသည်းစိုင် ....

ခြေလှမ်းပြင် အနေမခက်ပါနဲ့
မာယာမပါ ဟန်ဆောင်ကင်းလို့
မူယာသွယ် ယဉ်ကြော့သူရယ်
သိမ်ငယ်စွာ မနေရအောင်
ဒီရင်မှာ ခိုလှုံပါလား
ခင် တစ်သက်တော့ ပျော်ရမည် ....

No comments:

Post a Comment