ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

မာယာများသော နွေ

မာယာများသော နွေ
%%%%%%%%%


ဖေ့ဘုတ်တခွင်
စုံလို့လင်လို့ ကွဲသူကကွဲ (အသည်း)
ပျော်သူကပျော် ဝေဒနာရယ်မဲ့
ဩော် ရင်ထဲမှာတော့
နွေ တစ် ရက် .......

ဝေရီတိမ်းမှုး မာယာအရူးကြောင့်
ည များကွယ်ပျောက် နေ့ တွေရောက်တော့
တွယ်တာမက်မက် ရင်ခုန်တက်စေ
ဩော် နင် ထားခဲ့သော
နွေ တစ် နွေ .......

အရင်တုန်းက ဖေ့ဘုတ်ဇတ်က

vzo တစ်မျိုး ချက်ဘောက်မခြား
အဖြစ်များလို့ မော်သူမော်လို့
ချစ်သူစိတ်ကောက် ကြုံရပြန်ခိုက်
ရင်တွေဟိုက်လို့ ချောရပြန်သေး
အဖြစ်လေးက လွင့်ပြန်မြောသော
နွေ တစ် ည .......

နွေ အမောမှ ငါ နိုးထစဉ်
မြူဝေမှိုင်းထပ် ငါ့ အနာဂတ်သည်
ကြည်လင်တောက်ပ ရွှန်းရွှန်းမြပြီ
မျှော်လင့်သော နွေ
ဒီ ရင်ထဲမှာ ပျောက်ခဲ့ပြီ
စိတ်ထဲမှာလည်း နာတက်ပြီ ......

No comments:

Post a Comment