ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, July 20, 2013

ပြား ကိုးဆယ်

ပြား ကိုးဆယ်
-------------

သမုဒယ နဲ့ သစ္စာ
အချစ် နဲ့ မနုသ ကြောင့်
ဖြစ်တည်လာတဲ့ ဒုက္ခ က
ဩော် ချစ် ဒုက္ခကြီးပါ တကား ....
(လက်ဘက်ရည်တစ်ခွက် ညီလေး)

နှလုံးသားသေလို့ အချစ်ပါ
သေသွားရင်လည်း အကောင်းသား
ခုတော့ မရွှင်အသည်းနာ
ဒီ ရင်ကွဲတာ မသိသူတွေက
ပြားကိုးဆယ် လို့ တစ်သွယ်
အရူး ရယ်လို့ တစ်ဖုံ
အမြင်မျိုးဆုံနဲ့ ပြောကြလေတော့
မေးလိုက် စမ်းချင်ပါရဲ့
မြင်တာ နဲ့ ပြောကြားသူတွေ
ပြေးသူ နဲ့ ကျန်ရစ်သူရယ်က
ဘယ်သူ က ပိုရူးသလဲလို့
ပိုချစ်သူသာ ရူးမယ်ထင်ပနော် ....

နင် ခြွေလို့ ကြွေ ခဲ့တဲ့ အသည်းရယ်
နင် ပေးခဲ့ တဲ့ နာကျင်ခြင်းတွေ
နင် ထားခဲ့တဲ့ အမုန်းတွေရယ်ကြောင့်
နှလုံးသားတွေ ဖဲ့ခြွေကာ ပေးဆပ်ခဲ့မယ်
နင် ပျော်မယ် စိတ်ချမ်းသာမယ် ဆိုရင်ပေါ့ ......

နင် အ သေ သတ် ပေ မယ့်
ငါ ကျေ နပ် ပါ တယ်
နင် နေ တက် ပေ မယ့်
ငါ ဖြေ သိမ့် တက် ပါ တယ်
နင် ရက် စက် ပေ မယ့်
ငါ ရင် ကွဲ ရဲ ပါ တယ်
ဒါ ပဲ နော် ကောင် မ လေး ရေ
အရူးထက်တော့ နင် တစ်မူးသာနိင်ပါလေ .....


No comments:

Post a Comment