အကြွေပန်းဆိုလည်း မောင်နမ်းမယ်
*************************

မလိုသူတွေ ခူးကာခြွေတော့
မနမ်းထိုက်တဲ့ ပန်း များလားလို့
စိတ်အားရယ်ငယ် ထင်နေသလားကွယ်
ခရေ လေးရယ် .......
ညိုးကြွေကျမှ မွှေး ရလေသလား?
ကြွေကာကျမှ ပန်း သူရှိသလား?
ကြွေရ ဝေရ ခရေဘဝဆိုရင်တောင်
ကြွေဦးကြွေဖြား မြေတော့မလူးလိုက်ပါနဲ့လား
ခရေ ရယ် .......
မိုးစက်ခြွေခြွေ လေပွေပဲကြမ်းကြမ်း
ကြွေပါစေလို့ ဆုတွေတောင်းမှ
ကေသာခေါင်းမှာ ပန်းကြသတဲ့လား
မြေမှာမနေ ပင်မြင့်နေလို့
မောင့် အတွက်တော့ အဖိုးထိုက်တဲ့
ပန်းအကြွေလေးပါ ခရေ ရယ်.......
ကြွေပါစေ ဝေကာကျတော့
တစ်ပါးသူတွေ ငြူစူစမ်းပါစေ
ခြောက်လျှင်ပင် သိမ်းကာထားလို့
ရင်မှာလေ အကြင်နာများနဲ့
အကြွေပန်းဆိုလည်း မောင်လေ
မြတ်မြတ်နိုးနိုး နမ်းပါမယ် ...
No comments:
Post a Comment