ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 4, 2013

@ မျက်ရည်မဝဲ အသည်းမှာ ငို @




စတောင် မစရသေးတဲ့ငါ့ အချစ်ဇာတ်လမ်းတွေကို
ဒီမှာတင် တစ်ခန်းရပ်ကာ
၅၂၈ ကို အရောင်ခြယ် 
၁၅၀၀ြ ဖစ်ချင်သူက ငါ့ သာ ပဲ မို့
ငါ့ ထိုက် နဲ့ ငါ့ ကံ
ရင်စီးကာ ခံလိုက်ပါတော့မယ် 
ချစ် သူ ရယ် ......
မမြင်ရဘူး ရင်သို့ဆူးလို့
နေလို့ မရ ဖြေလို့ မပြေ
ချစ်မိတဲ့ ဝေဒနာတွေလေ
ခုတော့ မပစ်ရသေးတဲ့ မြှား
ပန်းတိုင် မရောင်သေးခင်
ဝေးကွာရခြင်း ဆိုတော့
ခံ ရ ခက် ခက် ပါ ကွယ်
ချစ် သူ ရယ် ....
အ ပယ် ခံ ဘ ဝ မို့
ချောက် ထဲကြတာမှ
ငါ့ ဖြေသာပါသေးတယ် 
နုလုံးသားမှာ ဖြစ်တည်နေတဲ့
အချစ်တွေကို သော့ခတ်ကာ
ဖော်ရယ်မပါ ကြိတ်ခံစားရင်း
ဩော် အထီးကျန်သမားမို့
နင် မပါတဲ့ ငါ့ဘဝခရီးမှာ
မနက်ဖြန်များစွာ ညများစွာကလှောင်ပြောင်သလိုလို စကားဆိုတော့
အသည်းမှာနင့် အလွမ်းဒဏ်သင့်ပြီ
ချစ် သူ ရယ်  .....
မှန်သော သစ္စာတိုင်တည်ပါ၏
သည်ဘဝမှာ အချစ်ဆုံးမို့
ရင်တွင်းမှဒဏ် သေအောင်ခံမယ်
ကံကြမ္မာရယ် မျက်နှာသာမပေးလို့
တစ်ကယ်သာ တို့တွေ ဝေးရင်
ဖန်လာဘဝ နောင်ကာလကြ
ထာဝရအပါး ဘဝတွေမခြားပဲ
နင့် ချစ်သူသာဖြစ်ရပါစေချစ် သူ ရေ ....

No comments:

Post a Comment