ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 31, 2013

အကြွေပန်းလည်း တန်းဖိုးနဲ့ပါ


အကြွေပန်းလည်း တန်းဖိုးနဲ့ပါ
--------------------------------

ဒီမယ် ဒီမယ်
ကို အဝှာ ရဲ့
ရှင်မလည်း ဈေးမဆစ်ပါနဲ့လား
အသွေးအသားတွေ ရောင်းစားနေရတဲ့
ဘဝမို့ ကျွန်မ ဒီည လေ
ဈေးဦးမပေါက်သေးဘူးနော် ....

လူတစ်ကာရဲ့ တံတွေးခွက်
ပက်လက်ပင် မြောမြော
ပြောခြင်သလိုပင် ပြောပြော
ကျွန်မက မမှူပါဘူးတော်
ရတာလေးကို ခြစ်ကုတ်လို့
ကျွန်မ မိသားစုအတွက်လေ
အသက်ပင် သေသေပေါ့ .....

ဟုတ်ပါတယ်လေ ကျွန်မကမိန်းမပျက်ပါ
ဆန် ပေးမှ ဆီ ရ စကားပုံလို
ခြေတော်တင်သမျှ ပေးစပ်ရမှ
ရခဲ့ဘူးတဲ့ ဒီငွေတွေက
သန့်ရှင်းလွန်းလို့ တန်းဖိုးမဖြတ်နဲ့နော်
ဘယ်သူတွေက ကျွန်မလိုများ
ဖြစ်ချင်မှာတုန်း ကံကြမ္မာကို
ယိုးမယ်ဖွဲ့လို့ အပြစ်တွေလည်းဆိုတော့ပါဘူး
အတိတ်ဆိုတဲ့ သံသရာပေါ့
မိသားစုအတွက် သေသွားမယ်ဆို
ကျွန်မအတွက်တော့ သာဓုခေါ်ပေး ......

အနေတော် အရွယ်ဖြိုးမှာပေါ့
ကျွန်မ က ခုမှ ၁၉ လေရှင်
အားမတန်လို့ မာန်လျော့ပေမယ့်
ခုန်မင်မယ်တော့ မထင်လိုက်နဲ့
ဘဝရယ် မွဲပေမယ့် အသိတော့
မ မွဲ သေး ပါ ဘူး တော်
ကံကြမ္မာ ရက်စက်လွန်းလို့
အချိန်မတန်ခင် ကြွေလွှင့်ရတဲ့
သည်ပန်းတွေကို တန်းဖိုးထားရင်
ဈေးတော့ မဆစ်ပါနဲ့ရှင် .....
 
 

No comments:

Post a Comment