လွမ်းမိသေးတယ် ညို
````````````````
ညို ရေ ...
ဝလာရှစ်ခွင်မှာတော့
မှိုင်းလို့ရယ်ရီမှောင်
တိမ်ပန်းချီတွေတောင်
ရွာမရောင်မည်းလို့
ပြိုတော့မယ်ပေါ့ ......
မှတ်မိသေးတယ် ညို
ဝါဆို ပြီ ရေအလည်မှာ
ပန်းတွေကို တူညီခူးလို့
မြတ်ဘုရားမှာ ပန်သစ္စာဆု
အတူပြုကြပုံတွေကိုပေါ့ .....
ညို ရေ
တို့နှစ်ယောက် အချစ်တွေက
ရေ နဲ့ ကြာ ပနာတင့်သလို့
ပျော်ရွှင်စရာ အတိတွေနဲ့ပါ
ကံကြမ္မာ မျက်နှာသာမပေးလို့
တို့အချစ်တွေကလေ ရင်နာစရာ
လွမ်းပန်းချီ သင့်ခဲ့လေသလား .....
ညို ရေ ...
မေ့လို့ရရင်တော့ အတိတ်ဆိုတာကြီးကို
ငါ မေ့ထားချင်သား ဟ
ခုတော့ ဆုတ်ရင်လည်းစူး
စားရင်လည်း ရူးနဲ့ ပမာပုံနှိုင်း
ပေပဒိုင်းသီးလို့ပေါ့ဟာ
ဩော် ....
နင်ခွဲခွာသွားတဲ့ နေ့
ပြက္ခဒိန်မရှိ ရက်အချိန်မသိပေမယ့်
အဲဒီနေ့က
မိုးတွေသည်းသည်းမည်းမည်း ရွာတဲ့နေ့
ဝါဆို စဝင်တဲ့နေ့ အဲဒီနေ့ပေါ့ ညို ........
No comments:
Post a Comment