ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 25, 2013

မာယာရှင်မလေးရယ်

မာယာရှင်မလေးရယ် 
>>>>>>>>>>>
Photo: မာယာရှင်မလေးရယ် 
>>>>>>>>>>>

တစ်ခါတုန်းက
ကျွန်တော်ကိုလေ ထားရစ်ခွဲခွာ
သစ္စာမရှိ ကတိမတည်တဲ့
ကျွန်တော်ကို မချစ်တဲ့သူကိုပေါ့
သနားသနားပြီးတော့ လွမ်းမိသားဗျ

ကျွန်တော်ကတော့ အကြွေပန်းပေမယ့်
တန်ဖိုးထားကာ နမ်းရိုက်ခဲ့ပါရဲ့
မေတ္တာကိုဖယ် မာယာကြွယ်လို့
ကျွန်တော် ရာဇဝင်မှာတော့
သြော ချလောက်ပါရဲ့ ဗျာ ...

ကံကိုပုံကာ မီးပုံနင်းလို့
ဆန်ကောလောက်မှ ဇောက်မနက်
အသိခေါက်ခဲ့ အဝင်တော့မနက်စေချင်ပါဘူး
ပြောသာပြောရ ရေပေါ်မှာအရုပ်ရေး
အဲတာကမှ လွယ် လွယ်သေးတယ်
ကျွဲပါးစောင်းတီး နွားပလာတာကျွေးသလို
ခက်ပါသကော မာယာမလေးရယ် ...

အလှကတော့ ကြွယ်ပါရဲ့
ဘေးမှာက ကျား တွေကတစ်သောင်း
ဒီ ရင်ခွင်ကြမ်းတွေကိုမှ နင် က ....
ဖဲမွှေရာလို့ ထင်နေသလား ဟဲ့
ခလုပ်ထိမှ အမိတ နှောင်းနောင်တဆို
နင့် ဘဝ ရစရာမရှိ ဖြစ်သွားလိမ့်မယ်
ကျန်ခဲ့သူက မချိတွေးပူ
အဆွေးလူမို့ အသိမကြွယ်သေးတဲ့
မာယာရှင်မလေးကိုလေ
တွေးတွေးပြီး သနားမိတယ်ကွယ် .....

(ချစ်ရသူလှိုင်မင်း)

မည်သူမည်သူကိုမှ မရည်ရွယ်ပါခင်ဗျာ ကြိုတောင်းပန်ထားပါရစေ 
တစ်ခါတုန်းက
ကျွန်တော်ကိုလေ ထားရစ်ခွဲခွာ
သစ္စာမရှိ ကတိမတည်တဲ့
ကျွန်တော်ကို မချစ်တဲ့သူကိုပေါ့
သနားသနားပြီးတော့ လွမ်းမိသားဗျ

ကျွန်တော်ကတော့ အကြွေပန်းပေမယ့်
တန်ဖိုးထားကာ နမ်းရိုက်ခဲ့ပါရဲ့
မေတ္တာကိုဖယ် မာယာကြွယ်လို့
ကျွန်တော် ရာဇဝင်မှာတော့
သြော ချလောက်ပါရဲ့ ဗျာ ...

ကံကိုပုံကာ မီးပုံနင်းလို့
ဆန်ကောလောက်မှ ဇောက်မနက်
အသိခေါက်ခဲ့ အဝင်တော့မနက်စေချင်ပါဘူး
ပြောသာပြောရ ရေပေါ်မှာအရုပ်ရေး
အဲတာကမှ လွယ် လွယ်သေးတယ်
ကျွဲပါးစောင်းတီး နွားပလာတာကျွေးသလို
ခက်ပါသကော မာယာမလေးရယ် ...

အလှကတော့ ကြွယ်ပါရဲ့
ဘေးမှာက ကျား တွေကတစ်သောင်း
ဒီ ရင်ခွင်ကြမ်းတွေကိုမှ နင် က ....
ဖဲမွှေရာလို့ ထင်နေသလား ဟဲ့
ခလုပ်ထိမှ အမိတ နှောင်းနောင်တဆို
နင့် ဘဝ ရစရာမရှိ ဖြစ်သွားလိမ့်မယ်
ကျန်ခဲ့သူက မချိတွေးပူ
အဆွေးလူမို့ အသိမကြွယ်သေးတဲ့
မာယာရှင်မလေးကိုလေ
တွေးတွေးပြီး သနားမိတယ်ကွယ် .....

No comments:

Post a Comment