ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 31, 2013

သား မှားပါတယ် မေမေ


သား မှားပါတယ် မေမေ
--------------------------

ဟုတ်ပါတယ်
အမေသားဟာ လူမိုက်ပါ
တော်ပါပြီနော်
တေမိလို ငါ နေကြည့်မှပါ
အဖြူရောင် ၅၂၈တွေမို့
အားလုံးကို ကိုယ့်သွေးတွေပါလို့ သဘောထား
ငါ့ ညီမပြောခဲ့တဲ့ စကားက
နားဝမှာ ခါးလိုက်တာဟယ် ....

ဟုတ်ပါတယ်
အမေသားဟာ လူမိုက်ပါ
သံယောဇဉ်တွေကြီးပါလို့
ဆဲ သူက ဆဲ လှောင်သူကလှောင်
အားလုံးကို အမုန်းမဖက်
အပြုံးမျက်ရည်စက်တွေနဲ့မှ
နေတက်လို့ ကျေနပ်ခဲ့သူပါ ...

ဒါပေမယ့် မေမေရယ်
ခလုပ်ထိမှ အမိတ
သား နောင်တမရပါဘူး
သူကြင်မှ ကိုယ်ကြင်ပေါ့နော်
ပဲခူး နဲ့ တညင်လို့လည်းဝေး
အော် အွန်လိုင်းဆိုတဲ့ အတွေးကို
ရှိပါစေတော့ မေမေရယ်
သား အပူမပေးပါဘူး
တစ်ဦးက စေတနာ တစ်ဦးကမေတ္တာလေ
ယူတဲ့သူနဲ့ ပေးတဲ့သူတွေကြား
ယူတက်မှ ရတက်မှာပါလေ
သား မှားတယ်
တောင်ပန်းပါတယ် အမေ
သား နောင်များဆို ပါးစပ်ဆိုတာပိတ်ပါလို့
သေတက်အောင်ပဲ နေပါမယ်ဗျာ
 

No comments:

Post a Comment