ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, July 27, 2013

မာယာမိစိမ်းကားရေ



မာယာမိစိမ်းကားရေ
-----------------------
အတိတ်ဆိုတာက
အရိပ်လိုပါပဲဟာ
နင် ပြောခဲ့တဲ့နော်
တစ်ချိန်တုန်းကပေါ့
ချစ်ပါတယ်ဆိုတဲ့
သစ္စာစကားတွေက
ခုမျာဆို နားဝမှာ
တော်တော်ခါးခဲ့ပြီ ....

မချစ်တာကိုလေ
အပြစ်ရယ်လို့တော့
မဆိုခြင်ပါဘူး
မာယာတွေများက
မုသားတွေသုံးလို့
မညှာ မတာ နင် စားသုံးသွားတဲ့
အနှစ်မပါတဲ့ နင့် အချစ်တွေကိုတော့
ရာဇဝင်မှာ စာတင်မိပါရဲ့ ....

တော်ပါပြီလေ
မာယာလေးဆယ်
အတက်ကြွယ်လို့
ငါ ညံ့လို ငါ ခံရတာပ
သစ္စာဆိုတာ မယိုယွင်းခဲ့ပေမယ့်
နင် ကမှမခုန်မင်တာ
ပုံပြင်လိုပဲ မှတ်ယူထားမယ်
ငါ့ အနာဂတ်တွေလှဖို့အတွက်
မနက်ဖြန်ဆိုတာတွေကို
အားတွေနဲ့ ကျော်ဖြတ်မယ်
ယုံထား မာယာမိစိမ်းကားရေ ....


Photo: မာယာမိစိမ်းကားရေ
-----------------------
အတိတ်ဆိုတာက
အရိပ်လိုပါပဲဟာ
နင် ပြောခဲ့တဲ့နော်
တစ်ချိန်တုန်းကပေါ့
ချစ်ပါတယ်ဆိုတဲ့ 
သစ္စာစကားတွေက 
ခုမျာဆို နားဝမှာ
တော်တော်ခါးခဲ့ပြီ ....

မချစ်တာကိုလေ
အပြစ်ရယ်လို့တော့
မဆိုခြင်ပါဘူး
မာယာတွေများက
မုသားတွေသုံးလို့
မညှာ မတာ နင် စားသုံးသွားတဲ့
အနှစ်မပါတဲ့ နင့် အချစ်တွေကိုတော့
ရာဇဝင်မှာ စာတင်မိပါရဲ့ ....

တော်ပါပြီလေ
မာယာလေးဆယ် 
အတက်ကြွယ်လို့
ငါ ညံ့လို ငါ ခံရတာပ
သစ္စာဆိုတာ မယိုယွင်းခဲ့ပေမယ့်
နင် ကမှမခုန်မင်တာ
ပုံပြင်လိုပဲ မှတ်ယူထားမယ်
ငါ့ အနာဂတ်တွေလှဖို့အတွက်
မနက်ဖြန်ဆိုတာတွေကို
အားတွေနဲ့ ကျော်ဖြတ်မယ် 
ယုံထား မာယာမိစိမ်းကားရေ ....

(ချစ်ရသူလှိုင်မင်း) 

No comments:

Post a Comment