ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 25, 2013

အရင်ပြုပြင်လိုက်အုံး

အရင်ပြုပြင်လိုက်အုံး
----------------------
 
*ဂုဏ်ဓနဆိုတာက
သုညပါဗျာ
မတည်မြဲတဲ့
ဒီဘုံဘဝမှာ
ခဏတာလေး
လာတွေ့ကြတာကို
ဘယ်နဲ့ဗျာ ခင်ဗျားတို့က
မာယာအသွယ်သွယ်
မုသားအမျိုးမျိုး
သစ္စာပျက်လို့ပျက်
ဘယ်မှာလည်း
ခင်ဗျားဆိုတဲ့ရုပ်
သူ လည်းမဟုတ်
ငါ လည်းမဟုတ်ပါပဲ
ဟိုဟာကြီးပြမှ
ဟိုဟာကြီးမှန်း
သိသူတွေကရှိသေး
ခက်ပါသကော
ခေတ်ကတော့
တိုးတက်လာပါရဲ့
မတိုးတက်တာက စိတ်ဓါတ်
ပျောက်နေတာက စည်းကမ်း
ကျွန်စိတ်မမွေးနဲ့
သခင်စိတ်မွေးကြ
ကိုယ်ထက်သာက
မနာလို့မဖြစ်နဲ့
ကံ ကံရဲ့အကျိုးဗျ
တော်ပါပြီဗျာ
ဒါတွေပြောရင်
ဒေါတွေပါအုံးမယ်
ဗိုလ်ချူပ်ပြောသလိုသာ
အော် အော်ပြီးပြောလိုက်ချင်တယ်
ခင်ဗျားတို့ $ကျင့်တွေကို
အရင်ပြုပြင်လိုက်အုံး*

No comments:

Post a Comment