ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 22, 2013

တစ်ကယ်ပါ‬ ခင်



!!!!!!!!!!!!!!!!!!!!!!!!!!!
တစ်ကယ်ပါ ခင် ...
ခင့်ကိုမြင်မှ ရင်ထဲမှကွယ်
အခုန်မြန်တဲ့ နှလုံးသားက
လှုပ်ရှားမရ ရွေ့လျားနှေးကွေး
ခက် ခက်ပါသကောလား ခင် ....

တစ်ကယ်ပါ ခင် ...
ခင်မမြင် ခင်မသိပေမယ့်
ဒီရင်မှာ အစဉ်ရှိနေပြီမို့
ဗလောင်ဆူဝေ ခံစားစေလည်း
တွယ်တောင်နှောင်ချုပ် ငြိတွယ်မက်စေ
အဖယ်ခက်တဲ့ ရင်ထဲမှာတော့
နွေတစ်နွေလိုပါပဲ ခင် ....

တစ်ကယ်ပါ ခင် ...
ရာဇဝင်မှာ ပြန်ကြည့်ရင်ပေါ့
အနော်ရထာ ထိုဇတ်လမ်းမှာ
တောင်ငူသူ ခင်ဦးငယ်ကိုမှ
ဘုရင့်ဘဏ္ဍာ သိပေမယ်လို့
ချစ်မိသူက ကျန်စစ်ရယ်ပါ ခင် ....

တစ်ကယ်ပါ ခင် ...
ထိုအဖြစ်နှယ် ကြုံရပြီမို့
အဖြူရောင် ၅၂၈ ကိုမှလေ
ကာလာခြယ် အရောင်ပြောင်းချင်သူကို
အခွင့်အရေးသမားလို့ ဆိုချင်ဆို
သစ္စာမရှိသူလို့ ပြောချင်ပြော
ဒီ ရင်မှာ မအေးလေတော့
ဖွင့်ပြောမိသူ ဒီမောင်ကိုဖြင့်
ငြိုငြင်ကာ အသေသက်ရင်လည်း
ကျေနပ်နေမှာပါ ခင် ....

တစ်ကယ်ပါ ခင် ...
မလျော်တမာ အပျော်သမားရယ်လို့
အနားကပ်သူတော့ မဟုတ်ရပါဘူးကွယ်
ထာဝရအဖော်နှယ် ရည်စူးကာချစ်မိသူမို့
သုဘဒ္ဒါလို မုန်းပင်စိုက်ခါလေ
အမြဲတော့ မမုန်းလိုက်ပါနဲ့လား ခင် ....

No comments:

Post a Comment