ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

ကောင်မလေး


ကောင်မလေး
*********
  
 
ကောင်မလေးရယ်

ငါ မြတ်မြတ်နိုးနိုး

ပြန် ချစ်ချင်ပါတယ်

ဒါပေမယ့်

ငါ့ နှလုံးသားက

လောင်မီးကျထားတာဆိုတော့

ငါ့ လိပ်ပြာ ငါ့ မလုံသေးဘူး

ကောင်မလေးရယ် ...

ဒဏ်ရာတွေ အသားကျလို့

သေခြာတဲ့ တစ်နေ့

အဲဒီနေ့ပေါ့ 

ဘယ်သူနဲ့မှမတူတဲ့ 

အချစ်များစွာဖြင့်

မြတ်မြတ်နိုးနိုး ချစ်သွားပါမယ်

ဒါပေမယ့်

ချစ်တာသိရင်တော့

သစ္စာရှိကြေးပေါ့ ကောင်မလေးရယ်နော် ...

No comments:

Post a Comment