မင်း ဒဿနှယ်
**********
နှလုံးသွေးနဲ့
ရေးခြယ်ပေးမယ်
မိစိမ်းကားရေ ....
ကြမ်းတမ်းတဲ့ ဒဿလိုပေါ့
အမုန်းတော်ခံဘဝနှယ်
အရူံးတော်ခံရပေမယ့်
ဖြူစင်တဲ့နှလုံးသားကိုမှ
နင် မီးလောင်တိုက်ကြီး
သွင်း သွင်းသွားပါတကား .....
မယ်သီတာက
မာယာမပို
သစ္စာပိုတာပ
နင် ကတော့လေ
ချစ်တာလည်းသိ
ဘာကြောင့်
သစ္စာမရှိတာလည်းကွယ် .....
ရှိပါစေတော့လေ
ဖြစ်သမျှဝန်
ငါ့ အလွန်တွေပေါ့
မင်းဒဿလို့
အသက်သေမှ
ငါ့ ၏သစ္စာ
ပျက်မှာကိုတော့
နင် မသိခဲ့တာ
ငါ့ ကြမ္မာပေါ့ ချစ်သူရယ် ........
No comments:
Post a Comment