ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 15, 2013

နွယ်

နွယ်


***

သံယောဇဉ်က 
အမျှင်တဲ့လား
နွယ်တစ်ပင်လို 
နှောင်ထားပတ်ရစ်
ကြိုးနှယ်ဖြစ်သော် 
ရင်မှဖြစ်တည်
အချစ်မည်ပေါ့ ...... 

စီးဆင်းနေသော
မြစ်ချောင်းရေကို
တားနိင်စွမ်းသာ
ရှိညားကုန်၏ .....

ရင်မှပေါက်ဖွား
အချစ်များကို
တားနိင်ရိုးရယ်
မရှိသားမို့
တိခနဲ့လေ
မပြတ်ပါဘူး ......

သဒ္ဒါချစ်တွေ
နယ်ကျွန်ရစ်တော့
ရင်မှသည်ပန်း
မေတ္တာပန်းကို
ရွေးသီကုံးလို့
ပို့ကာဆက်မည် .....

မကြင်နာလို့
တမင်ခွာရင်
မျှော်လင့်ခြင်းတွေ
ကြေမွပျက်စီး
ဖြစ်ရပြီမို့
သမုဒယ ကမ်း 
ဟို ခပ် လှမ်း လှမ်းက
အချစ်ဆိုသော နွယ်
ရအောင်သာပင် ဖြတ်ပါမည် .... 

No comments:

Post a Comment