ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 12, 2013

မျက်ရည်မိုးတို့ ကြွေ

``````````````
မျက်ရည်မိုးတို့ ကြွေ
``````````````
Photo: ``````````````
မျက်ရည်မိုးတို့ ကြွေ
``````````````

ကဗျာတွေလည်း မသီ
စာတွေလည်း မစီချင်တော့ပါဘူး 
သိမ်မွေ့ရယ် !!!

စေတန်ရဲ့ ကျိန်စာလိုပဲဆိုဆို
နယူတန်ရဲ့ နိယာမလိုပဲပြောပြော
ခွဲခွာခြင်းနဲ့ လမ်းခွဲခြင်းရဲ့
သယ်ဆောင်ရာမှာ ယောင်ချာချာ
ကျန်ခဲ့သူက ငါ တစ်ယောက်ထဲပါ
သိမ်မွေ့ရယ် ....

နင် ရက်စက်စွာ ထားခဲ့နိင်ပေမယ့်
မနက်ဖြန်ဆိုတဲ့ နေ့စွဲထဲမှာတော့
နင် ပါနေစဲ ရှိနေစဲပါလေ
နှလုံးသားတွေ နွမ်းခြောက်လို့ 
အချစ်တွေ ခန်းခြောက်ခဲ့ပေမယ့်လည်း
မေတ္တာတွေကတော့ မြူတစ်မှုံမျှ
ယော့ပါးမသွားတာ သိစေချင်လိုက်တာ
သိမ်မွေ့ရယ် .....

ရှိပါစေတော့ ချစ်သူရယ်
ချစ်မိသမျှနွံ့ ငါ့ အလွန်ပေါ့ 
ဆုတ်ရင်လဲစူး စားရင်လဲရူးနဲ့
ထူးမလာတော့မဲ့ ဒီအခြေနေ
လေလွင့်ရာနေ ပြေသင့်ပါပေ
ငါ့ မှာတော့
မျက်ရည်မိုးတို့ ကြွေ 
နင် ကတော့ ပျော်စဲပေါ့လေ ...... 
ကဗျာတွေလည်း မသီ
စာတွေလည်း မစီချင်တော့ပါဘူး 
သိမ်မွေ့ရယ် !!!

စေတန်ရဲ့ ကျိန်စာလိုပဲဆိုဆို
နယူတန်ရဲ့ နိယာမလိုပဲပြောပြော
ခွဲခွာခြင်းနဲ့ လမ်းခွဲခြင်းရဲ့
သယ်ဆောင်ရာမှာ ယောင်ချာချာ
ကျန်ခဲ့သူက ငါ တစ်ယောက်ထဲပါ
သိမ်မွေ့ရယ် ....

နင် ရက်စက်စွာ ထားခဲ့နိင်ပေမယ့်
မနက်ဖြန်ဆိုတဲ့ နေ့စွဲထဲမှာတော့
နင် ပါနေစဲ ရှိနေစဲပါလေ
နှလုံးသားတွေ နွမ်းခြောက်လို့
အချစ်တွေ ခန်းခြောက်ခဲ့ပေမယ့်လည်း
မေတ္တာတွေကတော့ မြူတစ်မှုံမျှ
ယော့ပါးမသွားတာ သိစေချင်လိုက်တာ
သိမ်မွေ့ရယ် .....

ရှိပါစေတော့ ချစ်သူရယ်
ချစ်မိသမျှနွံ့ ငါ့ အလွန်ပေါ့
ဆုတ်ရင်လဲစူး စားရင်လဲရူးနဲ့
ထူးမလာတော့မဲ့ ဒီအခြေနေ
လေလွင့်ရာနေ ပြေသင့်ပါပေ
ငါ့ မှာတော့
မျက်ရည်မိုးတို့ ကြွေ
နင် ကတော့ ပျော်စဲပေါ့လေ ....

No comments:

Post a Comment