သံယောဇဉ်
!^! ---!^!
သံယောဇဉ် တဲ့လားကွယ်
စကားအလှရယ် သုံးလုံး
ငါ့ ဘဝမှာ တော်တော်ရူံးခဲ့ပါတကား ...
သံယောဇဉ်ရယ်
အပိုင်းအစတွေနဲ့
ဇတ်သိမ်းမလှခဲ့တာက
ကျွန်တော် ပေါ့ အဖော်ကတော့ ကဗျာ ....
ဘယ်အချိန်ခါမျိုးမှာမှ
လက်တွေ့ နဲ့ ဆန္ဒ
အိမ်မက် နဲ့ စိတ်ကူး
နှလုံးသား နဲ့ ဘဝ
ထပ်တူတွေ ကြပါမလည်း ...
ဆုတွေတော့ တောင်းချင်မိပါရဲ့
မျက်ရည်စတွေနဲ့ပါလေ
သစ္စာမတည်တဲ့ ချစ်သူမျိုးနဲ့လည်း
မတွေ့ကြုံရ ထပ်မဆုံပါရစေနဲ့
အကာသာရှိ အနှစ်မရှိတဲ့
လူတွေနဲ့လည်း မတွေ့ရပါစေနဲ့
ကဲ ကဲ သံယောဇဉ်ရေ
နင် ဖြတ်ရင် ဖြတ် ပေါ့
နင် မဖြတ်ရင် ငါ ကိုယ်တိုင်ဖြတ်ခဲ့မယ်
အားလုံးနဲ့ ဝေးရာသို့လေ
တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်း
ငါ့ ရင်ထဲမှာတော့ နာကျင်ခြင်းက
ကုဋေတစ်သန်း .......
No comments:
Post a Comment