ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, July 1, 2013

မာယာရှင်မလေး မိဝေ သို့


မာယာရှင်မလေး မိဝေ သို့
******%%%*******
 


မိဝေရေ
မေတ္တာနဲ့အသည်း မာယာနဲ့အချစ်
နှင်းအပ်ကာလေ ပေးခဲ့တဲ့ပွဲပေမို့
ဒဏ်ရာတွေ ဗလာပွနဲ့ လူက
စကားနာတွေ မထိုးတော့ပါဘူးလေ ---

မိဝေရေ
အချင်းလည်းသိ အဆင်းလည်းသိပြီး
သစ္စာတွေပုံ မေတ္တာတွေအစုံနဲ့
အသက်တစ်မျှ ချစ်ခဲ့ရသူဆိုတော့
ထိချက်ကတော့ ပြင်းလွန်းလှတယ် မိဝေရယ် ---

မိဝေရေ
မဖိတ်ခေါ်ပဲ လာခဲ့တာလည်း နင်
ချစ်တာသိပြီး သစ္စာမရှိတာလည်း နင်
အပြစ်ဖွဲ့လို့ ထားခဲ့တာလည်း နင်
မခေါ် မဖိတ် မနှင်ရပါပဲ
တမင်ခွာ မာယာဝင်္ဂပါနဲ့
မကြင်နာ အမုန်းတွေသုံးလို့
ဓါးထက်ထက်နဲ့ ရင်ကိုခွင်းပါမှ
နင် ပျော်ရွှင်နိင်မှာတဲ့လား မိဝေရယ် ---

မိဝေရေ
မနေတက်ပေမယ့် ကျေနပ်ပါတယ်လေ
မင်းဒဿတောင် သ င်္ဂိုလ်ပြည်ကြီး
မီးလောင်ကာ ပြာကြပေမယ့်
အချစ်နဲ့ သစ္စာကို ဖွင့်ဟသေးတာပဲ
ငါ့ အချစ် ငါ့ မေတ္တာတွေက
ရာဇဝင်မှာ စာမတင်နိင်ပေမယ့်
ချစ်တာသိလို့ သစ္စာလေးသာရှိခဲ့ရင်
ဘယ်သောအခါမှ မဝေးလောက်ပါဘူး
       ငါ့ ကိုယ် မချစ်တဲ့ ဩော် ငါ့ ချစ်သူရယ် .......

No comments:

Post a Comment