ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, July 31, 2013

သား မှားပါတယ် မေမေ


သား မှားပါတယ် မေမေ
--------------------------

ဟုတ်ပါတယ်
အမေသားဟာ လူမိုက်ပါ
တော်ပါပြီနော်
တေမိလို ငါ နေကြည့်မှပါ
အဖြူရောင် ၅၂၈တွေမို့
အားလုံးကို ကိုယ့်သွေးတွေပါလို့ သဘောထား
ငါ့ ညီမပြောခဲ့တဲ့ စကားက
နားဝမှာ ခါးလိုက်တာဟယ် ....

ဟုတ်ပါတယ်
အမေသားဟာ လူမိုက်ပါ
သံယောဇဉ်တွေကြီးပါလို့
ဆဲ သူက ဆဲ လှောင်သူကလှောင်
အားလုံးကို အမုန်းမဖက်
အပြုံးမျက်ရည်စက်တွေနဲ့မှ
နေတက်လို့ ကျေနပ်ခဲ့သူပါ ...

ဒါပေမယ့် မေမေရယ်
ခလုပ်ထိမှ အမိတ
သား နောင်တမရပါဘူး
သူကြင်မှ ကိုယ်ကြင်ပေါ့နော်
ပဲခူး နဲ့ တညင်လို့လည်းဝေး
အော် အွန်လိုင်းဆိုတဲ့ အတွေးကို
ရှိပါစေတော့ မေမေရယ်
သား အပူမပေးပါဘူး
တစ်ဦးက စေတနာ တစ်ဦးကမေတ္တာလေ
ယူတဲ့သူနဲ့ ပေးတဲ့သူတွေကြား
ယူတက်မှ ရတက်မှာပါလေ
သား မှားတယ်
တောင်ပန်းပါတယ် အမေ
သား နောင်များဆို ပါးစပ်ဆိုတာပိတ်ပါလို့
သေတက်အောင်ပဲ နေပါမယ်ဗျာ
 

သိစေချင်တယ် သိမ်မွေ့ရယ်


သိစေချင်တယ် သိမ်မွေ့ရယ်
-----------------------------

ပြောရအုံးမယ် သိမ်မွေ့ရေ
နင် ပြောခဲ့ဖူးတဲ့ စကားလေးပါ
ဟန်ဆောင်တက်သူတွေဆိုရင်
သိပ်မုန်းတယ်ဆိုတာလေ ...

ငါ မှားတယ် အမှားကြီးပေါ့
အဲ ကတည်းက နင့် မျက်လုံးကို
စာမဖတ်ခဲ့မိတာလေ ....

မာယာလေးဆယ် ကြွယ်ပါဘိ
ငါ မြတ်နိုးရတဲ့ သိမ်မွေ့ရယ်
ပန်းခရေတွေ မြေမှာကြဲတော့
အလွမ်း ကံကော်တွေ
ဒီတစ်နွေမှာ မဟုတ်ဘူး
ငါ့ ရင်မှာပါ မဖူးတော့ဘူးဟ .....

မှတ်မိသေးတယ် သိမ်မွေ့ရေ
လိုက်တော်မှုသင့်ပါရဲ့
အခွင့်ကိုမျှော်သလိုနဲ့ ပန်းကြမ္မာ
တဏှာပန်း ဖျက်ပိုးတွေကြောင့်
နင့် ဘဝကို နင်ခြွေခြတာတော့
ရင်နာမိတယ် သိမ်မွေ့ရယ် .....

ငယ်သွေးရယ် ထယ် အလှကြွယ်တော့
ချူ ချင်သူ ပျားပိတုန်းတွေက
နင့် အနားမှာ အတုန်းအရုန်းပေါ့
ရှိပါစေတော့ သိမ်မွေ့ရေ
ငါ လိုလူက အဖိုးထိုက်အောင်
နမ်းချင်ပေမယ့် နင် ကမှမခုန်မင်
ငါ အသည်းတွေကြွေကျလို့
အလွမ်းဆိုတာတွေ မြေခမှ
နင် ကလေ ပျော်ချင်သူဆိုတော့
ချစ်မိသူ အသည်းကြွေပြုန်းလို့
ငါ့ ဘဝကတော့ အမြဲသေဆုံးခဲ့ပါပြီ
ငါ ချစ်ခဲ့ရတဲ့ သိမ်မွေ့ရယ် ......
 

 

သို့ ညီမလေး

သို့ ညီမလေး
--------------


ညီမလေးရေ
ယွင်းပျက်နေတဲ့ ဒီနှလုံးသားက
ဘယ်မှာလာ နိုးထအုံးမှာလည်း
အကြိမ်ကြိမ် ကြိုးစားနေရတာပ

၅၂၈ဆိုတဲ့ မေတ္တာက
အေးမြပါတယ် ညီမလေးရယ်
၁၅၀၀ ဆို ပူလောင်တာမို့
ဒီ ကိုကို ကတော့ သေလောက်အောင်ကြောက်
လူတောင်မှ ဂေါက်တောက်တောက်
ဖြစ်သွားခဲ့တာလေ

ရှိပါစေတော့ ကို့ကို့ ညီမလေးက
ချစ်မဲ့သူများ တွေ့ကာသွားက
အပြုံးမပျက် အမုန်းဆိုတာလည်း
မဖက်ပါဘူးနော်
ဒီရင်မှာ
အချစ်ဆိုတာ မဖြစ်တည်သေးတော့
၅၂၈ကို အရောင်မခြယ်
မုသားလည်းမသုံးပဲ အပြုံးမေတ္တာတွေနဲ့
နင်ဟာလေ ထာဝရ ကို့ကို့ ညီမလေးပါ 

‪ကျွန်မကနှင်းဆီပါ‬ ‪မောင်‬



********************

ကျွန်မက နှင်းဆီပါ မောင်
တော်သဇင်လိုမယ်
ဂုဏ်မထယ်လို့များ
အားတော့မငယ်ဘူး မောင် ....

နှင်းဆီ ဆိုမှဖြင့်
ဆူးတွေနဲ့ပေါ့လေ
ချူချင်သူ များပါဘိနဲ့
ဆူးတွေနဲ့မှ မ ကာရန်
ဟို တဏှာ ရန်စွယ် 
ပန်းဘီလူး တွေက
ခြွေလိုပင် စားသုံးမှာပေါ့ မောင် ....

ပန်းများစွာနှယ်
ရနံ့မကြွယ်လို့
ဂုဏ်သတင်းရယ်မှိန်
အရောင်မထိန်လည်း
မောင့် အတွက်ဆိုရင်
ဆူးများစွာရံခြယ် 
အလှမပျယ်တဲ့
သစ္စာဆိုသော 
ပန်းတစ်ပွင့်ပါ မောင် ....

ပန်းရောင်စုံရယ်မို့
အလှများစွာနဲ့လည်း
မဖမ်းစားပါ မောင် 
နှလုံးသား မှ မေတ္တာ ရယ်
သမုဒယ ဆိုတဲ့
သစ္စာ ရယ်ကြောင့်
မောင် တစ်ယောက်သာ
ကပ်မည် ဆိုမှတော့
ကျွန်မ လေ 
ဆူး တွေကို ရုတ်
ရင်မှ အချစ်တွေထုတ်လို့
ပန်းကောင်းတစ်ပွင့်ပဲ
ဖြစ်ချင်မိတယ် မောင် ....

အကြွေပန်းလည်း တန်းဖိုးနဲ့ပါ


အကြွေပန်းလည်း တန်းဖိုးနဲ့ပါ
--------------------------------

ဒီမယ် ဒီမယ်
ကို အဝှာ ရဲ့
ရှင်မလည်း ဈေးမဆစ်ပါနဲ့လား
အသွေးအသားတွေ ရောင်းစားနေရတဲ့
ဘဝမို့ ကျွန်မ ဒီည လေ
ဈေးဦးမပေါက်သေးဘူးနော် ....

လူတစ်ကာရဲ့ တံတွေးခွက်
ပက်လက်ပင် မြောမြော
ပြောခြင်သလိုပင် ပြောပြော
ကျွန်မက မမှူပါဘူးတော်
ရတာလေးကို ခြစ်ကုတ်လို့
ကျွန်မ မိသားစုအတွက်လေ
အသက်ပင် သေသေပေါ့ .....

ဟုတ်ပါတယ်လေ ကျွန်မကမိန်းမပျက်ပါ
ဆန် ပေးမှ ဆီ ရ စကားပုံလို
ခြေတော်တင်သမျှ ပေးစပ်ရမှ
ရခဲ့ဘူးတဲ့ ဒီငွေတွေက
သန့်ရှင်းလွန်းလို့ တန်းဖိုးမဖြတ်နဲ့နော်
ဘယ်သူတွေက ကျွန်မလိုများ
ဖြစ်ချင်မှာတုန်း ကံကြမ္မာကို
ယိုးမယ်ဖွဲ့လို့ အပြစ်တွေလည်းဆိုတော့ပါဘူး
အတိတ်ဆိုတဲ့ သံသရာပေါ့
မိသားစုအတွက် သေသွားမယ်ဆို
ကျွန်မအတွက်တော့ သာဓုခေါ်ပေး ......

အနေတော် အရွယ်ဖြိုးမှာပေါ့
ကျွန်မ က ခုမှ ၁၉ လေရှင်
အားမတန်လို့ မာန်လျော့ပေမယ့်
ခုန်မင်မယ်တော့ မထင်လိုက်နဲ့
ဘဝရယ် မွဲပေမယ့် အသိတော့
မ မွဲ သေး ပါ ဘူး တော်
ကံကြမ္မာ ရက်စက်လွန်းလို့
အချိန်မတန်ခင် ကြွေလွှင့်ရတဲ့
သည်ပန်းတွေကို တန်းဖိုးထားရင်
ဈေးတော့ မဆစ်ပါနဲ့ရှင် .....
 
 

Monday, July 29, 2013

နင့် သဘောပါ

နင့် သဘောပါ
----------------
သခင်
မြင်လှည့်မကြည်
တွေ့လျက်မခေါ်
ဘယ်သဘောလည်း ဟင် ..

သခင်
နင် သိရင်ဖြင့်
ကျေနပ်ပါရဲ့
စိတ်ထဲမှာလေ
ရည်စူးပေမယ့်
နင် လိုရင်သုံး
မလိုရင်စွန့်
ငါ ဘဝက
ဟောဒီပန်းလို့
တစ်ခါသုံးတဲ့
တစ်ရှူးပန်းပါကွယ် ...


 

အားလုံးနဲ့ ဝေးရာသို့









အားလုံးနဲ့ ဝေးရာသို့
----------------------

ကဗျာရေးချင်တဲ့ စိတ်
ငါ ကိုယ်တိုင် သတ်မယ် ...

ကဗျာရေးချင်တဲ့ လက်
ငါ ကိုယ်တိုင် ဖြတ်မယ် ....

တွယ်မိတဲ့ သံယောဇဉ်တွေ
ငါ ကိုယ်တိုင် အဆုံးသတ်မယ် ...

ဒီရင်ထဲက နာကျင်ခြင်းတွေ
ငါကိုယ်တိုင် သယ်ဆောင်ရင်း
အားလုံးနဲ့ ဝေးရာမြေသို့
ကျောခိုင်းထွက်ခွာ သွားတော့မည်

ကျွန်တော်ရဲ့ သူမ

ကျွန်တော်ရဲ့ သူမ
--------------------

တစ်စက် နှစ်စက်
သူ့မျက်ဝန်းက လဝန်းစက် ...

တစ်ကြိမ် နှစ်ကြိမ်
ခုန်နိင်လွန်းတဲ့ နှလုံးအိမ် ....

တစ်လိမ် နှစ်လိမ်
နွယ်ပင်လိုပင် တွယ်လို့လိမ် ....

တစ်ခါ နှစ်ခါ
အချစ်တွေပင် သူ့ဆီပါ ...

တစ်သက် နှစ်သက်
ဝင်သက်တိုင်းပင် သူနှိပ်စက် ....

အိမ်း ...... ခက်ပါသကော
နှိပ်စက်လွန်းပါတကား
အိပ် ပျက်ရက်တွေများ
သိပ် သိပ် ချစ်ပါပြီလား ..... 

လွမ်းမိသေးတယ် ညို


လွမ်းမိသေးတယ် ညို
````````````````
 

ညို ရေ ...
ဝလာရှစ်ခွင်မှာတော့
မှိုင်းလို့ရယ်ရီမှောင်
တိမ်ပန်းချီတွေတောင်
ရွာမရောင်မည်းလို့
ပြိုတော့မယ်ပေါ့ ......

မှတ်မိသေးတယ် ညို
ဝါဆို ပြီ ရေအလည်မှာ
ပန်းတွေကို တူညီခူးလို့
မြတ်ဘုရားမှာ ပန်သစ္စာဆု
အတူပြုကြပုံတွေကိုပေါ့ .....

ညို ရေ
တို့နှစ်ယောက် အချစ်တွေက
ရေ နဲ့ ကြာ ပနာတင့်သလို့
ပျော်ရွှင်စရာ အတိတွေနဲ့ပါ
ကံကြမ္မာ မျက်နှာသာမပေးလို့
တို့အချစ်တွေကလေ ရင်နာစရာ
လွမ်းပန်းချီ သင့်ခဲ့လေသလား .....

ညို ရေ ...
မေ့လို့ရရင်တော့ အတိတ်ဆိုတာကြီးကို
ငါ မေ့ထားချင်သား ဟ
ခုတော့ ဆုတ်ရင်လည်းစူး
စားရင်လည်း ရူးနဲ့ ပမာပုံနှိုင်း
ပေပဒိုင်းသီးလို့ပေါ့ဟာ
ဩော် ....
နင်ခွဲခွာသွားတဲ့ နေ့
ပြက္ခဒိန်မရှိ ရက်အချိန်မသိပေမယ့်
အဲဒီနေ့က
မိုးတွေသည်းသည်းမည်းမည်း ရွာတဲ့နေ့
ဝါဆို စဝင်တဲ့နေ့ အဲဒီနေ့ပေါ့ ညို ........

Saturday, July 27, 2013

ရူးနေသူပါ မေ


Photo: ရူးနေသူပါ မေ
----------------

ဩော်
တွေ့မလာရယ်လို့
ဖေ့ဘုတ်မယ် ခြေရာဆန့်ပေမယ့်
စိမ်းလေသူ သခင်မရယ်က
အဖော်သစ်တွေနဲ့ ပျော်ရစ်ကာ
နေ ပါ ပေါ့ တ ကား ....

ဩော်
ညတိုင်းဆိုရင်ဖြင့်
ဟိုယခင်ကလိုပေါ့
vzoတစ်သွယ် ဂျီတော့ဆီများ
စာတွေပင် ချန်လေမလား 
ငါ့ကိုယ်ပင် တွေ့ချင်မလားရယ်လို့
မျှော်မိသူ ရွှေရင်ကျွမ်းပေမယ့်
သူမှာကွယ် နောက်တစ်ဗွေနဲ့
ရူး မ တက် ပါ ပဲ ....

ဩော်
မျှော်မိသူ ကိုယ်သာလျှင်
အမှားပါလို့ စိတ်ထဲဝယ်
အစဉ်မှတ်ပေမယ့်
တစ်ခါတစ်ခါတော့ဖြင့်လေ
အမှတ်တရတွေ လာလာတွေ့တော့
ဒီကောင်မှာ ရူးကြောင်ကြောင်နဲ့
ဂေါက် တောက် တောက် ပဲ .....

(ချစ်ရသူလှိုင်မင်း) 
ရူးနေသူပါ မေ
----------------

ဩော်
တွေ့မလာရယ်လို့
ဖေ့ဘုတ်မယ် ခြေရာဆန့်ပေမယ့်
စိမ်းလေသူ သခင်မရယ်က
အဖော်သစ်တွေနဲ့ ပျော်ရစ်ကာ
နေ ပါ ပေါ့ တ ကား ....

ဩော်
ညတိုင်းဆိုရင်ဖြင့်
ဟိုယခင်ကလိုပေါ့
vzoတစ်သွယ် ဂျီတော့ဆီများ
စာတွေပင် ချန်လေမလား 
ငါ့ကိုယ်ပင် တွေ့ချင်မလားရယ်လို့
မျှော်မိသူ ရွှေရင်ကျွမ်းပေမယ့်
သူမှာကွယ် နောက်တစ်ဗွေနဲ့
ရူး မ တက် ပါ ပဲ ....

ဩော်
မျှော်မိသူ ကိုယ်သာလျှင်
အမှားပါလို့ စိတ်ထဲဝယ်
အစဉ်မှတ်ပေမယ့်
တစ်ခါတစ်ခါတော့ဖြင့်လေ
အမှတ်တရတွေ လာလာတွေ့တော့
ဒီကောင်မှာ ရူးကြောင်ကြောင်နဲ့
ဂေါက် တောက် တောက် ပဲ .....

မာယာမိစိမ်းကားရေ



မာယာမိစိမ်းကားရေ
-----------------------
အတိတ်ဆိုတာက
အရိပ်လိုပါပဲဟာ
နင် ပြောခဲ့တဲ့နော်
တစ်ချိန်တုန်းကပေါ့
ချစ်ပါတယ်ဆိုတဲ့
သစ္စာစကားတွေက
ခုမျာဆို နားဝမှာ
တော်တော်ခါးခဲ့ပြီ ....

မချစ်တာကိုလေ
အပြစ်ရယ်လို့တော့
မဆိုခြင်ပါဘူး
မာယာတွေများက
မုသားတွေသုံးလို့
မညှာ မတာ နင် စားသုံးသွားတဲ့
အနှစ်မပါတဲ့ နင့် အချစ်တွေကိုတော့
ရာဇဝင်မှာ စာတင်မိပါရဲ့ ....

တော်ပါပြီလေ
မာယာလေးဆယ်
အတက်ကြွယ်လို့
ငါ ညံ့လို ငါ ခံရတာပ
သစ္စာဆိုတာ မယိုယွင်းခဲ့ပေမယ့်
နင် ကမှမခုန်မင်တာ
ပုံပြင်လိုပဲ မှတ်ယူထားမယ်
ငါ့ အနာဂတ်တွေလှဖို့အတွက်
မနက်ဖြန်ဆိုတာတွေကို
အားတွေနဲ့ ကျော်ဖြတ်မယ်
ယုံထား မာယာမိစိမ်းကားရေ ....


Photo: မာယာမိစိမ်းကားရေ
-----------------------
အတိတ်ဆိုတာက
အရိပ်လိုပါပဲဟာ
နင် ပြောခဲ့တဲ့နော်
တစ်ချိန်တုန်းကပေါ့
ချစ်ပါတယ်ဆိုတဲ့ 
သစ္စာစကားတွေက 
ခုမျာဆို နားဝမှာ
တော်တော်ခါးခဲ့ပြီ ....

မချစ်တာကိုလေ
အပြစ်ရယ်လို့တော့
မဆိုခြင်ပါဘူး
မာယာတွေများက
မုသားတွေသုံးလို့
မညှာ မတာ နင် စားသုံးသွားတဲ့
အနှစ်မပါတဲ့ နင့် အချစ်တွေကိုတော့
ရာဇဝင်မှာ စာတင်မိပါရဲ့ ....

တော်ပါပြီလေ
မာယာလေးဆယ် 
အတက်ကြွယ်လို့
ငါ ညံ့လို ငါ ခံရတာပ
သစ္စာဆိုတာ မယိုယွင်းခဲ့ပေမယ့်
နင် ကမှမခုန်မင်တာ
ပုံပြင်လိုပဲ မှတ်ယူထားမယ်
ငါ့ အနာဂတ်တွေလှဖို့အတွက်
မနက်ဖြန်ဆိုတာတွေကို
အားတွေနဲ့ ကျော်ဖြတ်မယ် 
ယုံထား မာယာမိစိမ်းကားရေ ....

(ချစ်ရသူလှိုင်မင်း) 

ခင်











ခင်
-----

ခင်
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
စွယ်တော်ရွက်အလား 
ချစ် ချင် တယ် .....

ခင် 
တစ်နှစ်တစ်ခါ
တစ်သီးသာသီး
သစ္စာကြီးမား
ပေပင်မခြားကွယ်
ချစ် ချင် တယ် ...

ခင်
တစ်ကြိမ်တစ်ခါ
ဖူးပွင့်သောကွယ်
ပိတောက်ပွင့်လား
အကြိမ်းမများပဲ
ချစ် ချင် တယ် ....

ခင်
တစ်ရိုးတစ်ညှာ
ရွှေနွယ်ရိုးပမာ
အမျှင်တွှဲတွှဲ
အဖယ်ခက်ခက်
အချစ်မျိုးသာ
ချစ် ချင် တယ် ....

ထိုထိုအချစ်များ
မည်မျှပေးဆပ်
မယုံအပ်သော်
ချစ်သက်လျာက
မောင်၏အသက်
တောင်းလာမှန်သော်
မငြင်းကြည်ဖြူ
ပေးဆပ်လှူမည်
ချစ်သူစေထား
မောင့်နှလုံးသား တည် ..... 

‎အချစ်သင်္ချာဆရာမလေး‬


အချစ်သင်္ချာဆရာမလေး‬
---------------------------

ကောင်မလေးရေ
နင်မေးတဲ့ ပုစ္ဆာတစ်ပုဒ်က
ငါ လိုလူ ဝ လုံးလေးအတွက်
ခေါင်းရူပ်လို့သွား ခက်ပါလားဟာ ....

နင် နမ်းစေချင်တော့
ငါ ဆိုတဲ့ ဝလုံးကိုမှ နောက်ဆုံးမှာထား
0အဖြစ်လား တန်ဖိုးတွေကတက်
အော် မလိုချင်တော့ ငါဟာလေ
အဖြည်စွက်ခံ ဝလုံးပဲပေါ့ ....

နင်ထားရာနေ နင်စေရာသွား
နင်မေးတဲ့ အချစ်ပုစ္ဆာက
ငါ့အတွက်တော့ သေရာပါမယ့်
ဝေဒနာတွေပါလားကွယ် ....

နင့် ရင်ခွင် စခန်းကြီးကိုပ
ဒီကောင်ရယ် ကပ်မယ်လို့ရွယ်
စိန်ရတီချယ် နင့် အရောင်တွေက
ငါ့ ဆိုတဲ့ ဝလုံးအတွက် တော့ .........

နားလည်မူသာရှိပေးပါ

နားလည်မူသာရှိပေးပါ
--------------------------

ရုပ်အရမ်းကြီးလှဖို့မလိုပါဘူး ချစ်သူရယ်
စိတ်ဓါတ်လေးသာ ဖြူစင်ပေးနော်

မဝတ်နဲ့မဟုတ်ပါဘူး ချစ်သူရယ်
ခေတ်ဆိုတော့လည်း ဝတ်ရမှာပေါ့
မြန်မာဆိုတာလေးမမေ့လို့
သနားခါးလေးတော့မမေ့နဲ့ပေါ့နော်

ဘာ ဒုက္ခိတမို့ ဟုတ်လား မလိုပါဘူး ချစ်သူရယ်
ချစ်တာသိရင် သစ္စာသာရှိ တန်ဖိုးသာထား
အရာရာကို နားလည်မူသာရှိပေး
အိုကေမှာ စိုပြေစေရပါမယ်နော်

တန်းဖိုးဆိုတာ လူတို့သတ်မှတ်ချက်ပါ
ကိုယ်တန်ဖိုးထားတဲ့ လူအပေါ်မှာပဲမူတည်တယ်
လူကြီးရိုသေ ငယ်သူသနား ရွယ်တူလေးစား
ဘာသာကြည်ညို လင်အပေါ်သိတက်
အို ဒီမောင် အရာရာကို ရင်စိုင်ရဲတယ်
လက်ကိုသာမြဲမြဲတွဲထား ......

အရမ်းချစ်တယ် ယုံထား ..

Thursday, July 25, 2013

အမုန်းမဖက်ကြေး


 
အမုန်းမဖက်ကြေး
-------------------

တစ်သက်စာ

ထာဝရရယ်နဲ့

တစ်ဘဝစာ

ချစ်ခဲ့သူပါကွယ် ...

ကံကြမ္မာ

ထုံမွှေပေလို့

တစ်ကယ်သာလေ

မဆုံတွေ့ရင်

နင် လည်း မမုန်း

ငါ လည်း မမုန်းပဲ

အပြုံးများနဲ့သာ လမ်းခွဲ

အသဲတွေ ကွဲခဲ့ကြလည်း

အမုန်းမဖက်ကြေးပေါ့ကွယ် ..

တိုက်ဆိုင်မှုရှိတိုင်း



တိုက်ဆိုင်မှုရှိတိုင်း
-------------------

တစ်စုံတစ်ခု

တိုက်ဆိုင်မူတွေ

ရှိလာလေတိုင်း

အမှတ်တရ

လေးတွေမြင်တိုင်း

ရင်ထဲမှာတော့

တစ်ဆစ်ဆစ်ရယ်

နာကျင်စဲနဲ့

နင်လေ

ရှိရှိနေစဲပါ တကား ....
 
 

သိမ်းထားပါရစေ



သိမ်းထားပါရစေ
-----------------
ညာပလီလှည့်ဖြား

ထားခဲ့သူရေ

မခေါ်ပဲလာပြီး

မနှင်ပဲပြေးတော့

ခုတော့လေ

တစ်ယောက်ထဲနဲ့

အပျော်တွေရယ်

မဲ့ခဲ့ပေမယ့်

အလွမ်းတွေကိုတော့

သိမ်းထားပါရစေနော် .... 

အရင်ပြုပြင်လိုက်အုံး

အရင်ပြုပြင်လိုက်အုံး
----------------------
 
*ဂုဏ်ဓနဆိုတာက
သုညပါဗျာ
မတည်မြဲတဲ့
ဒီဘုံဘဝမှာ
ခဏတာလေး
လာတွေ့ကြတာကို
ဘယ်နဲ့ဗျာ ခင်ဗျားတို့က
မာယာအသွယ်သွယ်
မုသားအမျိုးမျိုး
သစ္စာပျက်လို့ပျက်
ဘယ်မှာလည်း
ခင်ဗျားဆိုတဲ့ရုပ်
သူ လည်းမဟုတ်
ငါ လည်းမဟုတ်ပါပဲ
ဟိုဟာကြီးပြမှ
ဟိုဟာကြီးမှန်း
သိသူတွေကရှိသေး
ခက်ပါသကော
ခေတ်ကတော့
တိုးတက်လာပါရဲ့
မတိုးတက်တာက စိတ်ဓါတ်
ပျောက်နေတာက စည်းကမ်း
ကျွန်စိတ်မမွေးနဲ့
သခင်စိတ်မွေးကြ
ကိုယ်ထက်သာက
မနာလို့မဖြစ်နဲ့
ကံ ကံရဲ့အကျိုးဗျ
တော်ပါပြီဗျာ
ဒါတွေပြောရင်
ဒေါတွေပါအုံးမယ်
ဗိုလ်ချူပ်ပြောသလိုသာ
အော် အော်ပြီးပြောလိုက်ချင်တယ်
ခင်ဗျားတို့ $ကျင့်တွေကို
အရင်ပြုပြင်လိုက်အုံး*

ဝေးဝေးကပြုံး အချစ်ဆုံးရယ်

*** ဝေးဝေးကပြုံး အချစ်ဆုံးရယ် ***
^!^ ♥♥♥♥♥♥♥♥♥♥♥♥♥♥♥ ^!^

အ နေ တွေ ခက်ပေမယ့်လည်း
ကျေ နပ် အောင် တော့ 
နေတတ်သလိုလေး နေပေးပါမယ့်
ဝေးဝေးကအပြုံး အချစ်ဆုံးရေ .....

နူံးချိချိ ♥မောင့်♥အသည်းနဲ့
လူတောတောင် မတိုးရဲတာမို့
တူသောအကျိုးပဲ ရှိပါစေတော့ကွယ် .....

ဘယ်သူအပြစ်ရယ် မဆိုတော့ပါဘူး
ကိုယ် ကြမ္မာကို ကိုယ် ဖန်တီးရင်း
ဩော် ကိုယ် တိုင် မွှေး ခဲ့ တဲ့
သံယောဇဉ် အပူမီးတွေပါလားလို့
ရင်စီးကာ ခံပါမယ် အချစ်ဆုံးရယ် ......

ထားခဲ့ပါနော် မကြင်နာရင်တော့
တွယ်တာစီးချုပ် ရင်ထဲထုတ်လို့
အပူလုံးကြွ လူလုံးမလှလည်း
ပြုံးပြုံးလေးတော့ နေပေးပါမယ် .......

အဆုံးသတ်မှာ အမုန်းမဖက်လို့
ပြုံး လျက် သာ လမ်း တွေ ခွဲ
တစ် ယောက် တစ် ကွဲ ရယ် နဲ့
နှစ် ယောက် သား လွဲ ခဲ့ လည်း
♥ချစ်♥လည်းမမုန်း ♥မောင်♥လည်းမမုန်း
အပြုံးတွေနဲ့သာ နူတ်ဆက်ကြရင်း
သံသရာတစ်ကွေ့မှာ ပြန်သာတွေ့ရင်
တစ်သက်မဝေး အသက်ပေးလို့
နှစ်လွှာပေါင်းမှ တစ်ရွက်ရယ်ထား
စွယ်တော်မခြား မေတ္တာထားကာ
နှစ် ယောက် တစ် က မ္ဘာ အရေးမို့
မ ဝေး ကွာ ရေး တွေး ခါ ပေး ပါ
ဝေးဝေးက အပြုံး အချစ်ဆုံးရယ်♥♥♥

 

တိတ်တခိုး



တိတ်တခိုး
*******
ကောင်မလေးရေ
မဖြစ်သင့်ပေမယ့် 
ချစ်ခွင့်ကိုမှလေ
မျှော်လင့်မိသူမို့ 
စာလင်္ကာခြွေလိုက်အုံးမယ် ... 

ရင်နင့်အောင်ယိုဖိတ်
မျိုသိပ်ကာရယ် ဆွေး
ဆွေးရလွန်းလို့ ငေး
ချစ်ဒုက္ခကို တွေး
တွေးရင်းငေးရင်းနဲ့
ဖြစ်တည်လာသမျှ 
နှလုံးသားစေရာ
အရေးတွေကြောင့်
ဝေဒနာတွေက
တစ်ဆစ်ဆစ်နဲ့လေ
ပိုပိုဆိုးလာတယ်
ကောင်မလေးရယ် ....

ဘဝဆိုတဲ့ လမ်းချိုးတစ်ကွေ့
တို့တစ်တွေ တွေ့ကြပုံကိုက
နင် ကတော့ ပန်းလှလှပါ
ငါ ကတော့ ပန်းပျိုးသူပေါ့
လှမ်းချိုးယူခွင့် မရှိသူမို့
ပန်းလှလှ ဘဝလေးကိုမှ
တစ်ဘဝစာ ချစ်မိသမျှ
တိတ်တခိုးပဲ နေရတော့မလား ...

သောကအပူ မောလှိုက်ဆူတော့
ဘဝင်တုန်နွမ်း ဒီရင်ကျွမ်းလို့
ဖွင့်ကာများလေ ပြောလိုက်ရင်ရော
ငြူစူကာရယ် စိတ်ကောက်မှာလား
ကြောက်အားရယ်ငယ် သနားပါကွယ်
အရမ်းချစ်ပါတယ် ကောင်မလေးရယ် .... 

အမျှဝေပေးပါ ချစ်သူရယ်



:~ အမျှဝေပေးပါ ချစ်သူရယ် ^!^
_________________________

ချစ်သူရေ
မှောင်မိုက်လွန်းတဲ့ လမိုက်ညမှာ
လမင်းကိုမှ မျှော်မိသလိုနဲ့
ဒီရင်ခွင်ကို ပြန်မလာမှန်း
သိနေသားတောင် မောင်လေ
မျှော်နေမိသေးတယ် ....

ချစ်သူရေ
ညစဉ်ရက်စက်ပေါ့ vzoက
နင် ခေါ်လေမလား ကဗျာလေးတွေမှ
ပြင်ပေးလေမလား ဆိုတဲ့အတွေးနဲ့
မျှော်မိတာလည်း အမောပါပဲ 
ချစ်သူရယ် ....

ချစ်သူရေ
ဖေ့ဘုတ်ဝင်ရင်လေ နေ့တိုင်မှာ
မပျက်မကွက် မောင် ရောက်နေတာက
နင် ပိုင်ဆိုင်တဲ့ နင့် စာမျက်နှာကိုပေါ့
နင် မကြင်နာ တစ်မင်ခွာစိမ်းပေမယ့်
ဒီရင်မှာ ထာဝရရှိနေသေးတာကလည်း
ခက်သားလားကွယ် ချစ်သူရယ် ....

ချစ်သူရေ
မောင် ဆိုတဲ့နာမ်စားကိုလည်း
ငါလေ မသုံးရက်တော့ပါဘူး 
နောက်ဆုံးဆန္ဒလေးတော့ ဖြည့်စည်းပေးပါ
တစ်ကယ်တမ်းသာ အမျှဝေလို့
ကျွတ်ကြေးဆိုရင် ဒီအလွမ်းတွေကို 
ပန်းတွေမပါနိင်တဲ့ ပန်းအိုကိုလည်း 
နင် လေ ထပ်မခွဲပါနဲ့နော်
နင် နင်ခြွေလို့ ငါ နှလုံးသားကျရူံးခန်းမှာ
မာယာမပါတဲ့ ဟန်ဆောင်ကင်းတဲ့
ကြေးစည်သံ လှိုင်လှိုင်ထုလို့
နင် အမျှလေးတော့ ဝေပေးပါလား
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရယ် ....
 
 

ညီမလေး ဖတ်ဖို့

ညီမလေး ဖတ်ဖို့
)))))))))))))))))
Photo: ညီမလေး ဖတ်ဖို့
)))))))))))))))))

ညီမလေးရေ
မပြောမပြီး မတီးမမြည်
အကိုကြီးတော့ အဖအရာ
သဘောထားလို့ သိသလောက်တော့
ပြောရအုံးမယ် နားစဉ်ပေးနော် ....

ညီမလေးရေ
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အွန်လိုင်းမှာရော အပြင်မှာပါ
ဇတ်လမ်းအစုံစုံ ကြားကြားနေရ
မြင်မြင်နေရတော့ စိုးရိမ်မိတယ်လေ ....

ညီမလေးရေ
မိ ဖ မဆုံ အတောင်မစုံလို့
အားငယ်သနား နားလည်ထားနော်
အရွယ်တော် အပျိုဖြန်းဆိုတော့
ညီမလေးလည်း လှချင်မှာပေါ့လေ
ခေတ်ဆိုတော့လည်း ဝတ်ပေါ့ကွယ်
ဒါပေမယ့် ညီမလေးက ဗုဒ္ဓဘာသာ
လျပ်ပေါ်လော်လီကာ မော်ဒယ်တွေလို့
မတော်တအီတွေတော့ မဝတ်နဲ့ကွယ်
ယိုသူမရှက် မြင်သူရှက်လှကြီရဲ့ .....

ညီမလေးရေ
သူများတွေက စိန် ရွှေ ငွေတွေ
ဝတ်တာမြင်တော့ ညီမလေးလည်း
ဝတ်ချင်မှာပေါ့ အကိုတို့က
ဆင်းရဲတယ်လေ နားလည်ထားနော်
တစ်ချိန်ချိန်တော့ ဝတ်ရမှာပေါ့ကွယ် ...

ညီမလေးရေ
ဆင်းရဲချမ်းသာခြင်းက အတိတ်ကံမို့
ကံကိုပုံပြီး ငွေ နောက်ကိုတော့မလိုက်ပါနဲ့
မာဆက်တစ်သွယ် KTV ဝယ်
ဘဝကိုပုံလို့ အသွေးသားရောင်းစား 
၁၈-၁၉ ကြားတွေက များများသားလေ
ဘဝအတွက် မိဘအတွက်နဲ့
အမျိုးမျိုးပေါ့ ညီမလေးရယ်
သူတို့တွေလို ညမွှေးပန်းတော့
မဖြစ်စေချင်တာ စေတနာပါ ......

ညီမလေးရေ
ရီစားမထားနဲ့လို့ မပြောလိုဘူး
ထားကြမှာပဲလေ ဒါလေးတွေတော့
စိတ်ဝယ်သတိ အမြဲရှိနော် 
ချစ်သူကိုလည်း အယုံမလွယ်နဲ့ 
လျှာနှစ်ခွနဲ့ မြွေများလိုလည်း 
မာယာမများနဲ့ မိန်းမကောင်းဆို
တစ်ပွင့်ပန်းသာ ပန်းစေချင်တာ
သဘာဝရဲ့ နိယာမပါ .....

ညီမလေးရေ
ကဗျာတစ်ပုဒ်နဲ့ အမှာခြွေတာ
ရပ်သင့်ပြီမို့ နား နဲ့ မနာ
ဘဝ နဲ့ နာလို့ စိတ်ဝယ်နှလုံး
ပိတီဖုံးကာ မြင်ချင်စမ်းတယ်
နန်းထိုက်စေမယ့် ပန်းကလေးတွေရယ် .......

(ချစ်ရသူလှိုင်မင်း) 
ညီမလေးရေ
မပြောမပြီး မတီးမမြည်
အကိုကြီးတော့ အဖအရာ
သဘောထားလို့ သိသလောက်တော့
ပြောရအုံးမယ် နားစဉ်ပေးနော် ....

ညီမလေးရေ
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အွန်လိုင်းမှာရော အပြင်မှာပါ
ဇတ်လမ်းအစုံစုံ ကြားကြားနေရ
မြင်မြင်နေရတော့ စိုးရိမ်မိတယ်လေ ....

ညီမလေးရေ
မိ ဖ မဆုံ အတောင်မစုံလို့
အားငယ်သနား နားလည်ထားနော်
အရွယ်တော် အပျိုဖြန်းဆိုတော့
ညီမလေးလည်း လှချင်မှာပေါ့လေ
ခေတ်ဆိုတော့လည်း ဝတ်ပေါ့ကွယ်
ဒါပေမယ့် ညီမလေးက ဗုဒ္ဓဘာသာ
လျပ်ပေါ်လော်လီကာ မော်ဒယ်တွေလို့
မတော်တအီတွေတော့ မဝတ်နဲ့ကွယ်
ယိုသူမရှက် မြင်သူရှက်လှကြီရဲ့ .....

ညီမလေးရေ
သူများတွေက စိန် ရွှေ ငွေတွေ
ဝတ်တာမြင်တော့ ညီမလေးလည်း
ဝတ်ချင်မှာပေါ့ အကိုတို့က
ဆင်းရဲတယ်လေ နားလည်ထားနော်
တစ်ချိန်ချိန်တော့ ဝတ်ရမှာပေါ့ကွယ် ...

ညီမလေးရေ
ဆင်းရဲချမ်းသာခြင်းက အတိတ်ကံမို့
ကံကိုပုံပြီး ငွေ နောက်ကိုတော့မလိုက်ပါနဲ့
မာဆက်တစ်သွယ် KTV ဝယ်
ဘဝကိုပုံလို့ အသွေးသားရောင်းစား
၁၈-၁၉ ကြားတွေက များများသားလေ
ဘဝအတွက် မိဘအတွက်နဲ့
အမျိုးမျိုးပေါ့ ညီမလေးရယ်
သူတို့တွေလို ညမွှေးပန်းတော့
မဖြစ်စေချင်တာ စေတနာပါ ......

ညီမလေးရေ
ရီစားမထားနဲ့လို့ မပြောလိုဘူး
ထားကြမှာပဲလေ ဒါလေးတွေတော့
စိတ်ဝယ်သတိ အမြဲရှိနော်
ချစ်သူကိုလည်း အယုံမလွယ်နဲ့
လျှာနှစ်ခွနဲ့ မြွေများလိုလည်း
မာယာမများနဲ့ မိန်းမကောင်းဆို
တစ်ပွင့်ပန်းသာ ပန်းစေချင်တာ
သဘာဝရဲ့ နိယာမပါ .....

ညီမလေးရေ
ကဗျာတစ်ပုဒ်နဲ့ အမှာခြွေတာ
ရပ်သင့်ပြီမို့ နား နဲ့ မနာ
ဘဝ နဲ့ နာလို့ စိတ်ဝယ်နှလုံး
ပိတီဖုံးကာ မြင်ချင်စမ်းတယ်
နန်းထိုက်စေမယ့် ပန်းကလေးတွေရယ် .......

မာယာရှင်မလေးရယ်

မာယာရှင်မလေးရယ် 
>>>>>>>>>>>
Photo: မာယာရှင်မလေးရယ် 
>>>>>>>>>>>

တစ်ခါတုန်းက
ကျွန်တော်ကိုလေ ထားရစ်ခွဲခွာ
သစ္စာမရှိ ကတိမတည်တဲ့
ကျွန်တော်ကို မချစ်တဲ့သူကိုပေါ့
သနားသနားပြီးတော့ လွမ်းမိသားဗျ

ကျွန်တော်ကတော့ အကြွေပန်းပေမယ့်
တန်ဖိုးထားကာ နမ်းရိုက်ခဲ့ပါရဲ့
မေတ္တာကိုဖယ် မာယာကြွယ်လို့
ကျွန်တော် ရာဇဝင်မှာတော့
သြော ချလောက်ပါရဲ့ ဗျာ ...

ကံကိုပုံကာ မီးပုံနင်းလို့
ဆန်ကောလောက်မှ ဇောက်မနက်
အသိခေါက်ခဲ့ အဝင်တော့မနက်စေချင်ပါဘူး
ပြောသာပြောရ ရေပေါ်မှာအရုပ်ရေး
အဲတာကမှ လွယ် လွယ်သေးတယ်
ကျွဲပါးစောင်းတီး နွားပလာတာကျွေးသလို
ခက်ပါသကော မာယာမလေးရယ် ...

အလှကတော့ ကြွယ်ပါရဲ့
ဘေးမှာက ကျား တွေကတစ်သောင်း
ဒီ ရင်ခွင်ကြမ်းတွေကိုမှ နင် က ....
ဖဲမွှေရာလို့ ထင်နေသလား ဟဲ့
ခလုပ်ထိမှ အမိတ နှောင်းနောင်တဆို
နင့် ဘဝ ရစရာမရှိ ဖြစ်သွားလိမ့်မယ်
ကျန်ခဲ့သူက မချိတွေးပူ
အဆွေးလူမို့ အသိမကြွယ်သေးတဲ့
မာယာရှင်မလေးကိုလေ
တွေးတွေးပြီး သနားမိတယ်ကွယ် .....

(ချစ်ရသူလှိုင်မင်း)

မည်သူမည်သူကိုမှ မရည်ရွယ်ပါခင်ဗျာ ကြိုတောင်းပန်ထားပါရစေ 
တစ်ခါတုန်းက
ကျွန်တော်ကိုလေ ထားရစ်ခွဲခွာ
သစ္စာမရှိ ကတိမတည်တဲ့
ကျွန်တော်ကို မချစ်တဲ့သူကိုပေါ့
သနားသနားပြီးတော့ လွမ်းမိသားဗျ

ကျွန်တော်ကတော့ အကြွေပန်းပေမယ့်
တန်ဖိုးထားကာ နမ်းရိုက်ခဲ့ပါရဲ့
မေတ္တာကိုဖယ် မာယာကြွယ်လို့
ကျွန်တော် ရာဇဝင်မှာတော့
သြော ချလောက်ပါရဲ့ ဗျာ ...

ကံကိုပုံကာ မီးပုံနင်းလို့
ဆန်ကောလောက်မှ ဇောက်မနက်
အသိခေါက်ခဲ့ အဝင်တော့မနက်စေချင်ပါဘူး
ပြောသာပြောရ ရေပေါ်မှာအရုပ်ရေး
အဲတာကမှ လွယ် လွယ်သေးတယ်
ကျွဲပါးစောင်းတီး နွားပလာတာကျွေးသလို
ခက်ပါသကော မာယာမလေးရယ် ...

အလှကတော့ ကြွယ်ပါရဲ့
ဘေးမှာက ကျား တွေကတစ်သောင်း
ဒီ ရင်ခွင်ကြမ်းတွေကိုမှ နင် က ....
ဖဲမွှေရာလို့ ထင်နေသလား ဟဲ့
ခလုပ်ထိမှ အမိတ နှောင်းနောင်တဆို
နင့် ဘဝ ရစရာမရှိ ဖြစ်သွားလိမ့်မယ်
ကျန်ခဲ့သူက မချိတွေးပူ
အဆွေးလူမို့ အသိမကြွယ်သေးတဲ့
မာယာရှင်မလေးကိုလေ
တွေးတွေးပြီး သနားမိတယ်ကွယ် .....

Monday, July 22, 2013

ယုံ ပါ မောင်


ယုံ ပါ မောင်
♥♥♥♥♥♥♥♥♥
Photo: ယုံ ပါ မောင်
♥♥♥♥♥♥♥♥♥

အလှမ်းကွာဝေးသူမို့
အလွမ်းစာလေးတော့
ပါးလိုက်ပါရစေ မောင်♥

အပြင်မှာမကြုံ အွန်မှာဆုံလို့
အပျော်ချစ်ကာ ဖော်သစ်မရှာပဲ
သစ္စာတွေထား အကြင်နာပွားကာ
ကျွန်မတို့ အချစ်တွေကိုတော့
မြဲချင်မိတယ် မောင်♥

မြေမှခွဲခွာ အိမ်နဲ့ဝေးကွာ
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ပျော်မယ် ထင်သလား မောင်♥

ကာလာစုံမီးရောင်ကြားမှာ
တစ်နေ့တစ်ရက်ရယ်မှ
အပျော်တွေ မမက်ခဲ့ပါဘူး မောင်♥

သူ့နိင်ငံ သူ့ယဉ်ကျေးမှုလေ
လှော်ညီအောင်လို့ရယ် 
ဘောင်းဘီအရှည်လေးတော့
ဝတ်ရမှာပေါ့ မောင်♥

မောင်ရင်မှာ 
အစဉ်ရှိလို့ သိထားရမှာက
နူတ်ခမ်းနီပါးနီတွေ လိမ်းကာမခြယ်ပဲ
မှုံနံ့သာကို ဘယ်ညားလူးကာ
ကျွန်မဟာလေ တန်းဖိုးရှိတဲ့
မြန်မာမလေး စစ်စစ်ပါ မောင်♥

ကဗျာမဆန် လင်္ကာမချောနဲ့
ယုံကြည်အောင် ပြောနေတာကို
အပြစ်ဖို့ကာ မောင် ငြိုငြင်ရင်လည်း
တွယ်တာလှပေမယ့် ကျွန်မလေ
ကွယ်ရာကပဲ ချစ်ပြပါမယ် မောင် ....

(ချစ်ရသူလှိုင်မင်း)
အလှမ်းကွာဝေးသူမို့
အလွမ်းစာလေးတော့
ပါးလိုက်ပါရစေ မောင်♥

အပြင်မှာမကြုံ အွန်မှာဆုံလို့
အပျော်ချစ်ကာ ဖော်သစ်မရှာပဲ
သစ္စာတွေထား အကြင်နာပွားကာ
ကျွန်မတို့ အချစ်တွေကိုတော့
မြဲချင်မိတယ် မောင်♥

မြေမှခွဲခွာ အိမ်နဲ့ဝေးကွာ
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ပျော်မယ် ထင်သလား မောင်♥

ကာလာစုံမီးရောင်ကြားမှာ
တစ်နေ့တစ်ရက်ရယ်မှ
အပျော်တွေ မမက်ခဲ့ပါဘူး မောင်♥

သူ့နိင်ငံ သူ့ယဉ်ကျေးမှုလေ
လှော်ညီအောင်လို့ရယ် 
ဘောင်းဘီအရှည်လေးတော့
ဝတ်ရမှာပေါ့ မောင်♥

မောင်ရင်မှာ 
အစဉ်ရှိလို့ သိထားရမှာက
နူတ်ခမ်းနီပါးနီတွေ လိမ်းကာမခြယ်ပဲ
မှုံနံ့သာကို ဘယ်ညားလူးကာ
ကျွန်မဟာလေ တန်းဖိုးရှိတဲ့
မြန်မာမလေး စစ်စစ်ပါ မောင်♥

ကဗျာမဆန် လင်္ကာမချောနဲ့
ယုံကြည်အောင် ပြောနေတာကို
အပြစ်ဖို့ကာ မောင် ငြိုငြင်ရင်လည်း
တွယ်တာလှပေမယ့် ကျွန်မလေ
ကွယ်ရာကပဲ ချစ်ပြပါမယ် မောင် ....