ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

»-(¯`v´¯)-»♥ချစ်တယ် ညီမလေး♥»-(¯`v´¯)-»

တီတီတာတာ တွယ်တာမြတ်နိုး

တိတ်တခိုးနဲ့ ကြိတ်ပိုးလို့လည်း

မချစ်ခြင်ဘူး သည်းဆိုင်ဦးရေ

ပမာပုံနိုင်း ပေရိုင်းသီးနှယ်

အသည်းမှာကွယ် ကဗ္ဗည်းမော်ကွန်း

ရေးထိုးဖွဲ့နွဲ့ ညီမအတွက်

နှစ်လွှာပေါင်းမှ တစ်ရွက်ပုံထား

ဆွယ်တော်ရွက်အလား ညီမနဲ့ဘဲ

ဒီဘဝမှာ ပျော်ချင်တယ် ♥»-(¯`v´¯)-»


ရင်ခွင်ကမ္ဘာမှာ ညီမ ကြင်နာမှ

စိတ်တွေလည်းပျော် ချစ်ရသူနော်

အလွမ်းမြစ်ထဲ လေလွင့်လို့လည်း

မဝဲချင်ဘူး ရွက်ကြွေတောမှာ

အကို တို့ နှစ်ယောက်

ခွဲရရက်ရှည် ကြာလွန်းနေလည်း

အလွမ်းလှိုင်းထိ လွမ်းမှိုင်းမိတောင်

မြင်မြင်စေရာ ညီမ ရုပ်လွှာပါ ♥»-(¯`v´¯)-»


မြလွှာအသည်းနဲ့ တစ်ဘဝစာမြဲဖို့

တစ်ခဏသာ မတွဲခြင်ပါဘူး

သမုဒယ ဆိုတဲ့ ချစ်ကြိုးတစ်မျှင်

ရစ်ပတ်ခါ တွယ် ငင် လို့

သစ္စာတရား မေတ္တာပွားရင်း

ကြင်နာတက်တဲ့ အသည်းနဲ့

နှောင်း ကမ္ဘာအထိ ကို

ချစ်မယ် ညီမလေး ရယ်♥»-(¯`v´¯)-»


No comments:

Post a Comment