ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

သို့ ကောင်မလေး


*************


သို့

ကောင်မလေးရေ

နူတ်တစ်ရာ စာတစ်လုံးနဲ့

ကဗျာလင်္ကာခြွေလို့ မေးလိုက်အုံးမယ်

"နင်" ပြော ခဲ့တယ်နော်

"သုည"လို့ သတ်မှတ်မှတော့

"နင့်" လမ်း "နင်"လျှောက် "ငါ" လမ်း "ငါ" ဖောက်လို့လေ

"နင်" မြင်အောင် မကြည့်တက်ခဲ့တာလား

ကောင်မလေးရယ် .....

"ငါ"သတ်မှတ်တဲ့ "သုည"က ကိန်းဂဏန်းတွေရဲ့နောက်ကပါ

"နင့်"ကိုယ် "နင်"သတ်မှတ်လိုက်တာက "ဒသမ"ရှေ့ကလေ

အင်းပေါ့ ကောင်မလေးရယ် 

အရေးတော်သလောက် အတွေးကချော်

"အလွဲ"တွေမြင်မှ "အမြင်"တွေလွဲနေတာကို

"ငါ"ဘာများတက်နိင်ပါမလည်း

          "ငါ"ကိုမချစ်တဲ့ "ငါ့" ချစ်သူရယ် ........

No comments:

Post a Comment