*************

ပန်းလို့လည်းကြွေ
ဘဝ ကံခေလို့
ကျား တစ်ကာရဲ့
ရင်ခွင်တွေကိုမှ
ဖဲမွှေယာထင်နေသလား
အမိုက်မလေးရယ် .......
တဏှာအမှောင်နဲ့
ပကာသနတွေကို
စားသုံးကြည့်တော့
အလှဆိုတာက ခဏတာ
မတည်မမြဲ အသိလွဲလို့
ဩော် အမြင်တွေရယ်က လွဲ
အလွဲတွေရယ်ကို မြင်
ဆန်းထပေမယ့် နန်းမခတော့
ကြွေလွယ်ပျက်စီး နင့် ဘဝခရီးကို
ငါ လေ တွေး တွေး လို့
ရင်လေးပါ တကား
အမိုက်မလေးရယ် ........
No comments:
Post a Comment