ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

လ မင်း မျက် ရည်



************


ကောင်မလေးရေ

တစ်ချိန်က အနမ်းတွေကို

ပြန်လည်ကာ တမ်းတမိတော့

ကြည်နူးခဲ့ရတဲ့ နေရက်တွေက

အရမ်းတိုတောင်း လွန်းလှပါတယ် ...


ကောင်မလေးရေ

ဘဝရဲ့လမ်းမှာ နှစ်ဦးလျှောက်လှမ်း

ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့တဲ့

နေ့ရက်တွေက မနေ့တစ်နေ့ကလိုပါပဲ

ရင်ခုန်ဖူးတဲ့ အမှတ်တရတွေကို

ပြန်လည်ကာ မြင်ယောင်နေတော့

"ည" များစွာရဲ့ ကောင်းကင်အောက်မှာ

"လမင်း"ကြီးကို ငေးကြည့်ရင်း 

ဆုတွေသာ တောင်းနေမိတယ်

ကြွေသော "ကြယ်" တိုင်း "နင့်"

မျက်ရည်စတွေ မဖြစ်ပါစေနဲ့လိုလေ .....

No comments:

Post a Comment