"ငါ" သွားတော့မည်
လိုက်ခဲ့ဖို့ခေါ် မည်သူလိုက်မလည်း
အနုအလှပေါတဲ့ ကဗျာတောသို့ ~~~
"ငါ"ရောက်တော့မည်
ကဗျာပြည်သို့ နေရောင်လည်းခ
လရောင်လည်းလန်း အသွင်ကမြန်း
ဘဝင်တွေပင် လန်းပါပေါ့လား
ညွှန်းဝေဖွဲ့စည် ကဗျာပြည်က
သည်မှာအချစ် ဟိုမှာသစ္စာ
မေတ္တာတွေထား ယုံကြည်အားနဲ့
အလင်းအမှောင် အတုအစစ်
အသစ်ရယ်အဟောင်း အဆိုးမှအကောင်း
အကြိုးအကြောင်းရယ် နီးကောင်းထွေထွေ
ကဏ္ဍတွေများ အရိုးအဆန်း အသစ်ဆန်းနဲ့
စားလို့မကုန် သုံး၍မလောက်
မာယာတွေဆုံ ဒေါသကြုံလည်း
ဖြတ်သန်းတွေ့ကာ ပေါက်ကွဲပြစ်မည်
ရင်မှဖြစ်တဲ့ ကလောင်တံဖြင့် ........
"ငါ"တို့ ခွဲ မည်
ကဗျာပြည်သို့ အသက်သေမှ
ဘဝလမ်းမှာ ဆူးလိုလည်းကြမ်း
ဒူလည်းမထောက် လက်လည်းမမြှောက်
ကြောက်သွေးတွေဆို ဖောက်ထုတ်ပေးလို့
"ငါ့"၏ကဗျာများ မခန်းနားလည်း
အချစ်မှအလွမ်း မေတ္တာရောယှက်
အမုန်းမာယာနဲ့ လှသွေးကြွယ်စုံ
ဘဝအစုံကို "ငါ"ဖွဲ့နွဲ့မည်
တစ်ကယ်လို့များ နေမညို့ခင်
သေသွားရင်တော့ "ငါ့"ကဗျာပြည့်သို့
ရောက်ခဲ့တယ်ပေါ့ နော် !!!!!
No comments:
Post a Comment