ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

♥★ရူးဆဲပါ ချစ်သူရယ်♥★

♥★ မခွဲဘူးဆိုတဲ့ ချစ်သူရေ
♥★ ထားခဲ့မှာ မဟုတ်လား
♥★ သွားမဲ့ဟာ သွားပါတော့လေ
♥★ မာယာတွေ အကုန်သိမ်းလို့ပေါ့
♥★ ထားခဲ့သူက မေ့နိင်ပေမယ့်
♥★ ကျန်ခဲ့သူက အနေတွေခက်
♥★ နုံးချိချိ ဒီအသည်းနဲ့
♥★ လူတောတောင် မတိုးရဲပါဘူး
♥★ ရှိပါစေတော့ ဖြစ်သမျှဝန်
♥★ ငါ့ အလွန်ပဲ ထားပါတော့လေ
♥★ နင် ရက်စက်တာကို ရက်စက်တယ်လို့
♥★ အပြင်မမြင် ရက်တဲ့ကောင်ဆိုတော့
♥★ နင့် ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့
♥★ ဇဝေဇဝါ ညများစွာထဲမှာ
♥★ မရေရာတဲ့ နေ့ရက်များစွာကို
♥★ မျှော်လင့်ချက်မဲ့ ဖြတ်သန်းရင်း
♥★ နင် ကတော့ တစ်လှမ်းခြင်းလှမ်း
♥★ ငါ့ ရင်ထဲမှာတော့ နာကျင်လွန်းလို့
♥★ တစ်ဆစ်ချင်း တစ်ဆစ်ချင်းနဲ့ပေါ့
♥★ စူးဆဲနဲ့ ရူးဆဲပါ ချစ်သူရယ် ♥★


No comments:

Post a Comment